Border News Agency
ဘန်ကောက်၊အောက်တိုဘာ ၂၀။
ဘန်ကောက်မြို့ရှိ ဇိမ်ခံနေအိမ်တလုံးကို ထိုင်းအာဏာပိုင်တွေ က ဝင်ရောက်စီးနင်းခဲ့ရာ ဆေးခြောက်အပွင့်ငါးတန်ကျော် သိမ်းဆည်းရမိခဲ့ပြီး မြန်မာနိုင်ငံသား လေးဦးနဲ့ ဗီယက်နမ်နိုင်ငံသား တဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီနေအိမ်ကို အာဏာပိုင်တွေကနှစ်လနီးပါး စောင့်ကြည့်စုံစမ်းပြီးနောက် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့မြန်မာလုပ်သားတွေဟာ တရက်ကို လုပ်ခလစာဘတ်နှစ်ရာမှ သုံးရာထိသာ ရရှိကြပြီး ဗီယက်နမ်နိုင်ငံသားကဦးဆောင်ကာ နေအိမ်ကိုသိုလှောင်ရုံအဖြစ် တနှစ်ကျော်ကြာအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလုပ်ငန်းလိုင်စင်မှာ Nong Bua Lamphu ပြည်နယ်အတွက်သာဖြစ်တာကြောင့် ဘန်ကောက်မြို့တွင်းလုပ်ကိုင်ခွင့်မရှိဘဲ ဥပဒေချိုးဖောက်မှုနဲ့ အာဏာပိုင်တွေက ဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။











