Border News Agency
မတူပီ၊ အောက်တိုဘာ ၁၉။
ချင်းလူထုအကြားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေတဲ့သတင်းတု၊ သတင်းမှားတွေနဲ့ အမုန်းစကားတွေ ပျံ့နှံ့နေတာကို ပူးပေါင်းတားဆီးသွားမယ်လို့ United States Chin Coalition (USCC) နဲ့ လွတ်လပ်တဲ့ ချင်းသတင်းမီဒီယာဆယ်ဖွဲ့က အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှု ငါးနှစ်ကျော်ကာလအတွင်း ချင်းပြည်သူတွေ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာနေချိန်မှာ သတင်းမှားနဲ့ အမုန်းစကားတွေ ပိုပျံ့နှံ့လာတာဟာ အချင်းချင်း ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ထောက်ပြထားပါတယ်။
အဲဒီစိန်ခေါ်မှုတွေကို တုံ့ပြန်ဖို့အတွက် USCC နဲ့ ချင်းမီဒီယာတွေ ပူးပေါင်းပြီး ရည်မှန်းချက်ပါ စီမံကိန်းတွေရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော်သွားကြမှာပါ။
အဲဒီပူးပေါင်းဆောင်ရွက်မှုမှာ Chin World, The Chinland Post, The Hakha Post, Kimo Media, Khonumthung, The Kaladan Post, The Matupi Times, The Mindat Post, The Tedim Times နဲ့ Zalen စတဲ့ ချင်းမီဒီယာ ဆယ်ဖွဲ့ပါဝင်ထားကြပါတယ်။
အဲဒီစီမံချက်တွေကတဆင့် ချင်းပြည်သူတွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ဖို့ မျှော်မှန်းထားပြီ ပြည်သူတွေလည်း သွေးကွဲစေမယ့် သတင်းမှားတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တိုက်တွန်းထားပါတယ်။






