Border News Agency
ကျိုင်းတုံ၊ အောက်တိုဘာ ၁၉။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ ငွေကျပ်သိန်းငါးဆယ်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတသောင်း ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျိုင်းတုံမြို့နယ်၊နမ့်အော်ကျေးရွာအနီး ကျိုင်းတုံ – တောင်ကြီးသွား ကားလမ်းမှာ မော်တော်ဆိုင်ကယ် မောင်းနှင်လာသူကို အောက်တိုဘာလ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့ပါဝင်တဲ့ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စစ်ဆေးရှာဖွေရာမှာ မော်တော်ဆိုင်ကယ်မောင်းနှင်လာသူ ကျလားဆီက စိတ်ကြွဆေးပြားတသောင်းနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီးအသက် နှစ်ဆယ့်သုံးနှစ်အရွယ် ကျလား ကို ကျိုင်းတုံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။








