Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၉။
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်နဲ့ရှမ်းပြည်က ကျောက်မဲ၊သီပေါမြို့နယ် သုံးခုမှာဥပဒေကဲ့သို့ အာဏာတည်တဲ့ အရေးပေါ်အမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ထုတ်ပြန်ပါတယ်။
အဲဒီသုံးမြို့နယ်ကို အရေးပေါ်အမိန့် ပယ်ဖျက်ပေးတာနဲ့ ကျန်မြို့နယ်တွေကို ရက်ပေါင်းကိုးဆယ် အမိန့်ထပ်တိုးတာကို အောက်တိုဘာလ ၁၈ ရက်နေ့ထုတ်ပြန်တာပါ။
အဲဒီအရေးပေါ်အမိန့်ပယ်ဖျက်လိုက်တဲ့ သုံးမြို့နယ်မှာ ရပ်ရွာအေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး မူလအခြေအနေအတိုင်းပြန်ရောက်နေပြီမို့ ကင်းလွတ်ခွင့်ပေးခဲ့တာလို့ဆိုပါတယ်။
ကျန်မြို့နယ်တွေအတွက် အမိန့်သက် တမ်းတိုးဖို့ အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ သဘောတူခဲ့တာမို့ အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး ရက်ပေါင်းကိုးဆယ်ထိ ဆက်အတည်ဖြစ်မှာပါ။
အဲဒီသက်တမ်းတိုးမြို့နယ်တချို့အပါ အဝင် နိုင်ငံအနှံ့အပြားမှာတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံပြည်သူတွေဟာ စစ်ရေးပဋိပက္ခနဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ဆက်ရင်ဆိုင်နေကြရပါတယ်။






