Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၉။
ဗြိတိန်နိုင်ငံချားစ်ဘုရင် ပေးပို့လိုက်တဲ့ စာအုပ်နှစ်အုပ်နဲ့အိတ်ပိတ်စာအိတ်တွေကိုအောက်တိုဘာလ ၁၉ ရက်၊ဒီနေ့ မနက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ပေးအပ်ခဲ့ပါတယ်။
အဲဒီစာအုပ်တွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းနဲ့ ဓာတ်ပုံတွေထုတ်ပြန်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို “အထူးအကျဉ်းသူ ဒေါ်စုကြည်” လို့ ခေါ်ဝေါ်သုံးစွဲထားပြီး၊ ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်တွေကတော့ The Land Garderners – Soil to Table နဲ့ Soil The World at Our Feet ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီပြည်ထဲရေးတာဝန်ရှိသူ အမျိုးသားနှစ်ဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတာကိုတွေ့ရပြီး အရင် ICRC လာရောက်တွေ့ဆုံခဲ့ဖူးတဲ့ မူလနေရာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ထိန်းသိမ်းထားဖွယ်ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ကာ မတရားဆက်ထိန်းသိမ်းထားပြီးသတင်းဓာတ်ပုံ ထုတ်ပြန်တာဟာ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေကို လျှော့ချဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။






