Border News Agency
ပုဏ္ဏားကျွန်း၊ ဇွန် ၂၇။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာစစ်ဘေးရှောင်စခန်းက အသက်လေးဆယ်သုံးနှစ်အရွယ် ဘေးတွဲမောင်းသမားတဦးဟာ လမ်းဘေးမြောင်းထဲမှာသေဆုံးနေပါတယ်။
အဲဒီသူဟာ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်ဇာတိ ဦးဘမောင်ရဲ့သား ဦးခင်မောင်ဝင်းဖြစ်ပါတယ်။
သူဟာ ဇွန်လ ၂၅ ရက်၊ညနေက စခန်းမှထွက်သွားပြီးနောက် အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးသွားခဲ့တာလို့ မိသားစုတွေက ဆိုကြပါတယ်။
သူ့ကို လိုက်ရှာကြရာမှာ ဇွန်လ ၂၆ ရက်၊ ညနေ ၆ နာရီကျော်အချိန်ခန့်က ဘုရားကြီးရွာဝင်လမ်း ဆိုင်းဘုတ်ရှေ့လမ်းမဘေးမြောင်းထဲမှာ သေဆုံးနေတဲ့ရုပ်အလောင်းကို တွေ့ရတယ်လို့ဆိုကြပါတယ်။
အဲဒီရုပ်အလောင်းဟာ မြောင်းထဲမှာဝပ်ပြီး ခြေထောက်တဖက်ထောင်ကာ သေဆုံးနေတာလို့ဆိုကြပါတယ်။
သူဟာဟာဆယ်တန်းထိ ပညာသင်ကြားခဲ့ဖူးပြီးဇနီးဖြစ်သူမအုန်းချေ၊ ညီအစ်ကိုမောင်နှမလေးဦးနဲ့အတူ ပန်းနီလာစစ်ဘေးရှောင်စခန်းမှာနေတာပါ။






