Border News Agency
ကျင်ဒွေး၊ အောက်တိုဘာ ၁၇။
ချင်းပြည်သူ့တပ်မတော်ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို စစ်သည်အင်အားထောင်နဲ့ချီအသုံးပြုပြီး အာဏာသိမ်းစစ်တပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒီကျင်ဒွေးမြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ လောင်းရှည်ကစစ်သည်အင်အားတထောင်နီးပါးအသုံးပြုထိုးစစ်ဆင်တာပါ။
အဲဒီဆောမြို့နယ်ရှိ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံကတဆင့် လောင်းရှည်ကို စစ်ကားကြီးတွေနဲ့စစ်သည်အင်အားထောင်ချီပို့ခဲ့ပါတယ်။
အဲဒီနောက် ကျင်ဒွေးမြို့နယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့ကစတင်ပြီးလေကြောင်းပစ်ကူအပြင်လက်နက်ကြီး ပစ်ကူတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
အဲဒီစစ်ကြောင်းဟာ လောင်းရှည်၊ ဆွဲလွှဲကျင်းနဲ့ မဆာတွီလမ်းတွေမှာ အထိုင်ယူပြီး ထိုးစစ်ဆင်နေတာဟာ ကျင်ဒွေးမြို့၊လှိုင်ဒုတ်ရွာသစ်အနီးထိ ရောက်ရှိလာနေပါတယ်။
အဲဒီကျင်ဒွေးမြို့မှာ အာရက္ခတပ်တော် (AA)၊ချင်းပြည်သူ့တပ်တော်(CPA)နဲ့ ယောကာကွယ်ရေးတပ်တော်(YDF)စုပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေကြပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ထိုးစစ်ဟာ ရှေ့မတိုးနိုင်ဘဲရပ်တန့်နေပါတယ်။










