Border News Agency
အိန္ဒိယ၊ အောက်တိုဘာ ၁၆။
အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အိန္ဒိယအစိုးရကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမယ့် စီမံချက်များ (QIP)” အကောင်အထည်ဖော်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ငါးစောင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဝန်ကြီး ဦးအောင်ကျော်ဟိုးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီစီမံချက် ငါး ခုမှာ တိုင်းရင်းသားကျေးရွာ ပတ်လမ်း အဆင့်မြှင့်တင်တာတွေ၊ ငလျင်ဒဏ်သင့်ကျောင်းတွေအတွက် WASH ထောက်ပံ့တာတွေ၊ ဘွိုင်လာသင်တန်းကျောင်း အဆင့်မြှင့်တင်တာတွေ၊ လူငယ်သင်တန်းကျောင်းမှာ ဖူဆယ်ကွင်း တည်ဆောက်တာတွေနဲ့ စာရင်းစစ်ဆော့ဖ်ဝဲလ် ဝယ်ယူတာတွေပါဝင်ပြီး စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ နှစ်သိန်းလေးသောင်းခုနစ်ထောင်ငါးရာနှစ်ဒသမလေးဆယ့်ခုနစ် ဒေါ်လာရှိပါတယ်။
အိန္ဒိယအစိုးရဟာ နှစ်ထောင့်နှစ်ဆယ့်ခြောက်-နှစ်ထောင့်နှစ်ဆယ့်ခုနစ် ဘဏ္ဍာနှစ်အတွက် စစ်တပ်ထံ QIP စီမံချက်ဆယ်ခုပေးထားပြီး အဲဒီထဲက ငါးခုကို ခုလိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။










