Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၅။
နေပြည်တော်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက်နှစ်ပတ်လည်နေ့ကို အောက်တိုဘာလ ၁၅ ရက်နေ့၊ ဒီနေ့ လုပ်နေပါတယ်။
အဲဒီမှာ “ငြိမ်းချမ်းသောမြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကိုလည်း စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဦးစီးဆွေးနွေးမှာပါ။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရဲ့ ၁၁ နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ၊ ငြိမ်းချမ်းရေး၊
နိုင်ငံရေး၊ လုံခြုံရေး၊ ဒေသတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲဒီမှာ ညှိနှိုင်းရေးကော်မတီဝင်(NSPNC)၊ အကြံပေးအဖွဲ့ဝင်(NSPNC)၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ JMC ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ဆောင်ရွက်သူတွေ၊တခြားဖိတ်ကြားသင့်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေအပြင် ပြည်ထောင်စုဝန်ကြီးဌာနတွေတက်ရောက်ကြပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို သမိုင်းဝင်စာချုပ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ဖြစ်တဲ့ ALP, ABSDF, CNF, DKBA, KNU, KNU/KNLA-PC, PNLO, RCSSတို့က စတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။















