Border News Agency
တောင်ကြီး၊ အောက်တိုဘာ ၁၆။
ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ငွေကျပ်သိန်းသုံးရာတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကထုတ်ပြန်တယ်။
တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်နေ ခွန်ကျော်ထက် (ခ) လဘုန်းရဲ့ နေအိမ်ကို ည ၇ နာရီ အချိန်ခန့်မှာ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိတ်ကြွဆေးပြားတသောင်းကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အသက်နှစ်ဆယ့်လေး နှစ်အရွယ် ခွန်ကျော်ထက် (ခ) လဘုန်းကို တောင်ကြီးနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။
ဖမ်းဆီးရမိတဲ့ ဆေးပြားတွေနဲ့ ပတ်သက်ပြီး သယ်ဆောင်ရောင်းဝယ်ရာမှာ ပါဝင်ပတ်သက်နေသူတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့အတွက် ကွင်းဆက် စုံစမ်းမှုတွေကို ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။






