Border News Agency
စစ်တွေ၊ အောက်တိုဘာ ၁၇။
အာရက္ခဒေသကမြို့နယ်တွေအပါအဝင် မြို့နယ်ငါးဆယ်ငါးမြို့နယ်မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို နောက်ထပ်ရက် ကိုးဆယ်သက်တမ်းတိုးဖို့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က အောက်တိုဘာလ ၁၆ ရက်မှာ အတည်ပြုပါတယ်။
အဲဒီသက်တမ်းတိုးရေးအဆိုပြုချက်ကို အောက်တိုဘာလ ၁၄ ရက်နေ့ကလွှတ်တော်အစည်းအဝေးမှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တင်ပြခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးပြီးနောက် အောက်တိုဘာလ ၁၆ ရက်မှာ အပြီးသတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီအရေးပေါ်အခြေအနေ သက်တမ်းတိုးလိုက်တဲ့မြို့နယ်ငါးဆယ်ငါးမြို့နယ်ထဲမှာ အာရက္ခဒေသအပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်၊ ကရင်နီ (ကယား) ပြည်၊ ကရင်ပြည်နဲ့ ရှမ်းပြည်ကမြို့နယ်တွေ ပါဝင်နေပါတယ်။
အာရက္ခဒေသနဲ့တခြားဒေသတွေမှာလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အထူးအာဏာတွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တိုင်းမှူးတွေဆီ ဆက်လွှဲအပ်ထားပါတယ်။
ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အာရက္ခတပ်တော်(AA)တို က်ခိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။







