Border News Agency
ရေစကြို၊ အောက်တိုဘာ ၁၇။
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊သစ်ကြီးတောကျေးရွာမှာရှိတဲ့ စတားလင့်(Starlink)အင်တာနက်ဆိုင်ကို အောက်တိုဘာလ ၁၆ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အင်တာနက်အသုံးပြုနေသူတွေနဲ့ အနီးဝန်းကျင်မှာရှိနေတဲ့ကလေးငယ်တွေ အပါအဝင် အရပ်သားဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းများပြားခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ် စစ်တပ်ရဲ့ အသေခံဒရုန်းတွေ ထပ်မံရောက်ရှိလာတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခေတ္တရပ်နားခဲ့ရတယ်လို့သိရပါတယ်။
အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်က ရေစကြိုမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ ဒေသတွင်းသတင်းရင်းမြစ်တွေက မေတ္တာရပ်ခံထားပါတယ်။










