Border News Agency
မြိုင်၊ အောက်တိုဘာ ၁၇။
မကွေးတိုင်း၊မြိုင်မြို့နယ်ထဲကို အောက်တိုဘာလ ၁၇ ရက်၊ဒီနေ့ မနက်အစောပိုင်းကစပြီး အာဏာသိမ်းစစ်တပ်ရဲ့ပခုက္ကူ တပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်ကားတန်းဟာ ငဖောင်ကန်ရွာကနေအနောက်ဘက်ကို ကတ္တရာလမ်းပိုင်းအတိုင်းလာနေတယ်လို့ လအညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်းကသတိပေးထားပါတယ်။
အဲဒီမြိုင်မြို့နယ် ဝဲတူး ရေနံမှော်အနီး တဲကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းဆီကို အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း စက်မှု ၂ ထဲကို ရဟတ်ယာဉ်နဲ့အင်အားဖြည့်တင်းခဲ့သလို Y-8 လေယာဉ်နဲ့ နေ့စဉ်နီးပါး ခဲယမ်းရိက္ခာတွေ ဖြည့်တင်းနေတယ်လို့ဆိုပါတယ်။
ခုထွက်လာတဲ့ ကားတန်းဟာအထိနာနေတဲ့ စစ်ကြောင်းဆီကိုအင်အား ထပ်မံဖြည့်တင်းဖို့ဖြစ်လိမ့်မယ်လို့ ယူဆရပြီး မြေပြင်စစ်ကြောင်းနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေပါ တပြိုင်နက်တည်း လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
ခုရက်ပိုင်း လေကြောင်း တိုက်ခိုက်မှုတွေမှာ လေကြောင်း တိုက်ခိုက်ရေး ယန္တရားမျိုးစုံကိုသုံးပြီး ပစ်မှတ်တခုတည်းကို တပြိုင်နက်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။
ဒါကြောင့် မြိုင်နယ်နဲ့ ပေါက်နယ်က ပြည်သူတွေအနေနဲ့ ဒီနေ့ကစတင်ပြီး လေကြောင်းအန္တရာယ်ကို အထူး သတိပြုနေထိုင်ကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်) က အသိပေးနှိုးဆော်ထားပါတယ်။










