Border News Agency
ဆော၊အောက်တိုဘာ ၁၇။
မကွေးတိုင်း၊ဆောမြို့နယ်ရှိ ပုပ္ပကိုင်း -လယ်ဖြူ-ဝက္ကု ကားလမ်းကို အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်ပြီး မော်တော်ယာဉ်တွေသွားလာတာမလုပ်ဖို့ ဂန့်ဂေါခရိုင်တပ်ရင်း ၆ က သတိပေးထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေပြင်းထန်နေတာမို့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် လမ်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။
ဒါပေမယ့် ဒေသခံပြည်သူတွေအတွက် အရေးပေါ် သွားလာနိုင်ရေးဆိုင်ကယ်တွေကတော့ ပုံမှန်အတိုင်းဆက်လသွားလာနိုင်တယ်လို့ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်ကိုလိုက်နာမှုမရှိဘဲ သွားလာလို့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအပေါ် ဂန့်ဂေါခရိုင်တပ်ရင်း ၆က လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။
ဒေသခံပြည်သူတွေလည်း လမ်းပိုင်းလုံခြုံရေးအခြေအနေတွေကို အထူးသတိပြုကြပြီး သတိပေးချက်တွေကို လိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ချင်းပြည်တောင်ပိုင်း၊ကန်ပက်လက်မြို့ နယ်၊ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်နိုင်ဖို့ ဆောမြို့နယ်၊လောင်းရှည်မှစစ်သည်အင်အားထောင်ချီအသုံးပြုနေသလို လေကြောင်းပစ်ကူတွေလည်းပေးနေပါတယ်။
အဲဒီအပြင် လက်နက်ကြီးပစ်ကူတွေ အများကြီးပစ်ကူပေးအပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။







