Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် အာရက္ခဒေသ

လူမျိုးရေး၊ ဘာသာရေးပဋိပက္ခနွံထဲသို့ ထပ်ဝင်ကြမည်လား

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ နိုဝင်ဘာ ၂၂။

ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြ မ်းဖက်အဖွဲ့နှင့်ဆက်စပ်လူမှုကွန်ရက်မှ ဖမ်းဆီးခံထားရသူနှစ်ဦးကို နှိပ်စက်နေသည့်ရုပ်သံမှတ်တမ်းနှစ်ခုအား နိုဝင် ဘာလ ၂၁ ရက်နေ့က တင်ခဲ့သည်။

ထိုရုပ်သံများကြောင့်လူ့အသိုင်းအဝိုင်းကြားလူမှုကွန်ရက်တွင် ပြောဆိုဝေဖန်အပြန်အလှန်ပြစ်တင်မှုများဖြစ်နေကြသည်။

ထိုရုပ်သံများပြန့်လာသည့်တိုက်ဆိုင်မှုကား နိုဝင်ဘာလ ၁၉ ရက်တွင် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)၏ တတိယကော်မတီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြားနာမှုတခု ပြုလုပ်ခဲ့သည်။

ထိုကြားနာမှုမှာ “Situation of human rights of Rohingya Muslims and other minorities in Myanmar” (မြန်မာနိုင်ငံမှရိုဟင်ဂျာမွတ်ဆလင်များနဲ့အခြားလူနည်းစုများ၏လူ့အခွင့်အရေးအခြေအနေ)ခေါင်းစဉ်ဖြင့် ဆုံးဖြတ်ချက်တရပ်ချမှတ်ခဲ့သည်။

ထိုနိုဝင်ဘာလ ၁၉ ရက်နေ့တွင်ပင်အမေရိကန်အောက်လွှတ်တော်၏နိုင်ငံခြားရေးရာကော်မတီ(House Foreign Affairs Committee)လက်အောက်ခံ ကော်မတီငယ်များက ပူးပေါင်းကာ “No Exit Strategy: Burma’s Endless Crisis and America’s Limited Options” (ထွက်ပေါက်မရှိသောမြန်မာ့အဆုံးမရှိအကျပ်အတည်းနှင့် အမေရိကန်၏ကန့်သတ်ရွေးချယ်စရာများ) ခေါင်းစဉ်ဖြင့် ကြားနာမှုတခုပြုလုပ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ကော်မတီကြားနာပွဲတွင် မြန်မာနိုင်ငံမှစစ်ကောင်စီ၏ရက်စက်ကြမ်းကြုတ်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များ၊ အမေရိကန်နိုင်ငံသားများအား ခြိမ်းခြောက်နေသည့် စစ်ကောင်စီနှင့်ဆက်စပ်နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းကွန်ရက်များအကြောင်းကို ဆွေးနွေးကြသည်။

အဆိုပါကြားနာပွဲမှအမေရိကန်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်ရန်၊ BURMA Act ကိုအပြည့်အဝအကောင်အထည်ဖော်ရန်၊အမျိုး သားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (ERO)အပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုကို အားပေးထောက်ပံ့ရန် တိုက်တွန်းချက်များ ထွက်ပေါ်လာခဲ့သည်။

UNGA၏ တတိယကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်ထွက်လာပြီးနော က် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရမှ ချက်ချင်းတုန့်ပြန်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြေညာချက်ထုတ်ခဲ့ပြီး အောက်ပါ အချက်များကို တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုဟင်ဂျာဒုက္ခ သည်များကို လက်ခံထားရတဲ့ ဝန်ထုပ် ဝန်ပိုးကို ဆက်လက်မထမ်းဆောင်နိုင်သဖြင့် ရိုဟင်ဂျာဒုက္ခသည်အရေးကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ လုံခြုံစွာ၊ ဆန္ဒအလျှောက်၊ရေရှည်တည်တံ့သော ပုံစံဖြင့် ပြန်လည်ပို့ဆောင်နိုင်ရန် နိုင်ငံ တကာအသိုက်အဝန်းကထိရောက်သောအဆင့်များဖြင့် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

အဆိုပါအဖြစ်အပျက်များမတိုင်မှီ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန်က”Scam Center Strike Force” (ကျားဖျန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့)ကိုဖွဲ့စည်းကြောင့်ကြေညာခဲ့သည်။

အာရက္ခဒေသတွင်လည်း လူမှုအသိုင်းအဝန်းနှစ်ခုကြား ဝန်ပိစေမည့်တင်းမာ မှုလက္ခဏာများ၊ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်နှင့်အာရက္ခတပ်တော်ကြာအပြန် အလှန်အပြစ်တင်မှုများရှိနေသည်။

တချိန်တည်းတွင်ပင် အာရက္ခတပ်တော်အနေဖြင့် လူ့အခွင့်အရေးကို လေးစားရန်၊လူမှုအသိုင်းအဝန်းနှစ်ခုကြား ပြန် လည်ရင်ကြားစေ့နိုင်ရန်အတွက် ဆော် ဩမှုများ စောလျင်စွာထွက်ပေါ်လာခဲ့
ပြန်သည်။

ဤသို့အခြေအနေတွင်ပင် ရိုဟင်ဂျာအ ကြမ်းဖက် ARA အဖွဲ့မှ ၂၀၂၄ ခုနှစ်တွင်ကျူးလွန်ခဲ့သောရုပ်သံမှတ်တမ်းနှစ်ခုကို တင်လာခြင်းဖြစ်သည်။လက်ရှိအ ခြေအနေတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ရာဇဝတ်မှုများအား နိုင်ငံ တကာအဖွဲ့အစည်းများမှရှုတ်ချထားသည်။

ထိုပြင်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့်အာရက္ခတပ်တော်အပေါ်တွင်လည်း လူ့အခွင့်အရေးကိုအလေးထားရန် နိုင် ငံတကာအဖွဲ့အစည်းများဖိအားပေးနေကြသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့်ရုပ်သံမှတ်တမ်းဟောင်းအား ဖြန့်ဝေလာသနည်း။

ထိုသို့ဖြန့်ဝေသည့်ရည်ရွယ်ချက်က ကောင်းသောရည်ရွယ်ချက်တော့ မဟုတ်နိုင်ပေ။

အဆိုပါရုပ်သံနှစ်ခုသည် လူမှုအသိုင်းအဝန်းနှစ်ခုကြားတွင်ရလဒ်ကောင်းကို ယူလာမည့်သဘောမရှိပေ။

ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် သာမန်ပြည်သူရိုဟင်ဂျာများအပေါ်တွင်လည်း ရက်စက်သောရာဇဝတ်မှုများကို ကျူးလွန်နေသူများဖြစ်သည်။

ရိုဟင်ဂျာလက်နက်ကိုင်များ၏အကြ မ်းဖက်မှုကို ဆန့်ကျင်ခြင်းနှင့်သာမန်ရိုဟင်ဂျာပြည်သူများသည်လည်း အာဆယဖြစ်လိမ့်မည်ဟု ဝါးလုံးရှည်ဖြင့် ပတ်ရမ်းခြင်းသည် မည်သို့မှ မသက်ဆိုင်သောကိစ္စသာဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ကမ္ဘာ့ခုံရုံးကိုရော က်ခဲ့ရသော ဖြစ်ရပ်အပေါ် ရခိုင်လူထုသင်္ခန်းစာယူကြရမည်။

အာရက္ခတပ်တော်အနေဖြင့် အောက်ခြေမြေပြင်တွင် လူ့အခွင့်အရေးကို အလေးထားရန်လိုအပ်သည်။

ဤအချက်သည် သံခင်းတမန်ခင်းနယ်ပယ်တွင် နိုင်ငံရေးဂုဏ်သိက္ခာပြယုဂ်လည်းဖြစ်သည်။

လူမှုအသိုင်းအဝန်းနှစ်ခုကြား ပြဿနာမဖြစ်စေရန် ကာကွယ်သည့်နည်းလမ်းလည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အောက်ခြေတွင် လူမျိုးမတူ၍လည်းကောင်း၊ ဘာသာမတူ၍လည်းကောင်း၊ နယ်မြေဒေသိယလေယူလေသိမ်မတူ၍လည်းကောင်း ထိုအ ချက်များအပေါ်တွင် ခွဲခြားဆက်ဆံမှုကိုခံနေရသူ လူထုများရှိနေသည်ကိုလည်း သတိမူသင့်နေပြီဖြစ်သည်။

ဤသို့ ခွဲခြားဆက်ဆံဖိနှိပ်မှုများသည် ULA/AA၏မူမဟုတ်ဟုကြေ​ညာချက်များလည်းထုတ်ထားပြီဖြစ်သည်။

သို့သော်အင်စတီကျူရှင်းအထိုင်ကျနေသောကမ္ဘာပေါ်ရှိလက်နက်ကိုင်အဖွဲ့များတွင်ပင် ကျင့်ဝတ်ချိုးဖောက်တတ်သူ အဖွဲ့ဝင်များရှိသည်ဖြစ်၍ မိမိတို့အဖွဲ့အစည်းတွင်လည်းထိုသို့သူများရှိနေမည်ဖြစ်သည်။

ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ULA/AAအနေဖြင့် အာရက္ခဒေသရှိ လူမှုအသိုင်းအဝန်းအားလုံးမှာ ယခုအချိန်တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ဘောင်ကျဉ်းနေသည်ကို အသိအမှတ် ပြုသင့်သည်။

လူထုတွင် အာဏာအပေါ်အကြောက်တရားရှိနေရပြီကိုလည်း အသိအမှတ် ပြုသင့်သည်။

အာရက္ခလူမှုအသိုင်းအဝန်းအားလုံးအ နေဖြင့် တဦး၏အခက်အခဲအပေါ်တဦးက ပို၍အသိအမှတ်ပြုသင့်နေပြီဖြစ်သည်။

လက်ရှိရင်ဆိုင်နေရသော အခက်အခဲအပေါ် အသိအမှတ်ပြုခြင်းကိုနိုင်ငံရေးဆိုင်ရာအာဂျင်တာများနှင့်မရော ထွေးသင့်ချေ။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ကမ္ဘာ့ခုံရုံးကိုရောက်ခဲ့ရသောဖြစ်ရပ်မျိုး မဖြစ်လာစေရန် အပြန်အလှန်ခံပြင်းမှုကို ထိန်းချုပ်သင့်သည်။

မီးရှို့ချင်သူများက ဒေါသမထွက်ထွက်အောင် တနည်းမဟုတ် တနည်း မီးရှို့နေအုံးမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်အခင်းအကျင်းတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာသည် မိမိကိုယ်ကိုအညစ်အကြေးသုတ်လိမ်း၍၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်တံ ဆိပ်ကပ်ခံ၍ မြန်မာစစ်တပ်အား ဂျီနိုဆိုက်တရားခံဘဝရောက်အောင် ဆွဲချသွားနိုင်ခဲ့သည်။

ယခုတဖန်လည်း ထိုစက်ဝန်းကို ULA/AAအား ထပ်လည်ပတ်အောင်လုပ်နေပြန်ပေသည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်ဖွဲ့စည်းလိုက်သော SCSF ကြောင့် မြန်မာနိုင်ငံ ၏ဖြစ်စဉ်အပေါ်နိုင်ငံတကာက အာရုံ စိုက်မှုသည်ပိုရှိလာမည်ဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည်များ၏ ဘေးကင်းလုံခြုံနေရပ်ပြန်နိုင်ရေးအချက်သည်လည်း အရေးပါသောဖြစ်စဉ်တရပ်အဖြစ်ရှိနေဦးမည်ဖြစ်သည်။

ဤအခင်းအကျင်းမျိုးအောက်တွင် လူမျိုးရေး၊ ဘာသာရေးပြဿနာမျိုး ခေါင်းမထောင်လာခြင်းကသာ အာရက္ခဒေသနှင့် အားလုံးအတွက်ပိုကောင်းပေလိမ့်မည်။

PrevPreviousမြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေလိုအပ်နေ
Nextမင်းတပ်-မတူပီကားလမ်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်Next
Previous Post

မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေအကူအညီတွေလိုအပ်နေ

Next Post

မင်းတပ်-မတူပီကားလမ်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဝီရဌာနီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

September 21, 2026
ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့

သာစည်နဲ့လားရှိုးမှာငွေကျပ် သိန်းတထောင်ရှစ်ရာကျော်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

September 21, 2026
ဓာတ်ပုံ-APM

ဂွမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 21, 2026
ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

ဘီးလင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်(ဓာတ်ပုံသတင်း)

မန္တလေးသို့ အာဏာသိမ်းစစ်တပ်သင်္ဘောအုပ်စုကမ်းကပ် (ဓာတ်ပုံသတင်း)

အယ်လ်နီညိုအမြင့်ဆုံးသို့ရောက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ခန့်မှန်း

မြိုင်မှာစစ်တပ်ရဟတ်ယာဉ်ဖျက်ဆီးတဲ့ ဒရုန်းတပ်ဖွဲ့ကိုကျပ်သိန်းတသောင်းဆုပေး

မိုင်းယုမှာ ညီနောင်မဟာမိတ်အဖွဲ့ကပြုလုပ်တဲ့ ဘောလုံးပွဲ

Releated Post

ဓာတ်ပုံ-BNA

ငြိမ်းချမ်းရေးအတွက်အားလုံးပူးပေါင်းကြဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုက်တွန်း 

September 21, 2026
ဓာတ်ပုံ  - KNU

ဘီးလင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်(ဓာတ်ပုံသတင်း)

September 21, 2026

မန္တလေးသို့ အာဏာသိမ်းစစ်တပ်သင်္ဘောအုပ်စုကမ်းကပ် (ဓာတ်ပုံသတင်း)

September 21, 2026
(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်မှာအယ်လ်နီညိုကြောင့်သောက်သုံးရေရှားပါးနေမှု/BNA)

အယ်လ်နီညိုအမြင့်ဆုံးသို့ရောက်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ခန့်မှန်း

September 21, 2026
​ဓာတ်ပုံ  - MOD NUG

မြိုင်မှာစစ်တပ်ရဟတ်ယာဉ်ဖျက်ဆီးတဲ့ ဒရုန်းတပ်ဖွဲ့ကိုကျပ်သိန်းတသောင်းဆုပေး

September 21, 2026
​ဓာတ်ပုံ- မိုင်းယု

မိုင်းယုမှာ ညီနောင်မဟာမိတ်အဖွဲ့ကပြုလုပ်တဲ့ ဘောလုံးပွဲ

September 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page