Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စီးပွားရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသမှာဝါးနဲ့ဓနိချပ်တွေ ရောင်းအားကောင်းနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ ဇန်နဝါရီ ၇။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာပွင့်လင်းရာသီရောက်လာလို့ ဝါးနဲ့ဓနိီးချပ်တွေရောင်းအားကောင်းနေတယ်လို့ ရောင်းချသူတွေက ဆိုကြပါတယ်။

အဲဒီလိုဝါးနဲ့ဓနိချပ်တွေ ရောင်းအားကောင်းနေတာဟာ အာရက္ခအဆုံးစစ်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်ပြီးဆောက်လုပ်လာကြတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မိုးရာသီအတွက်နေအိမ်တွေပြုပြင်ဖို့နဲ့ စစ်ဘေးရှောင်တွေမှာနေအိမ်တွေဆောက်လုပ် ပြုပြင်ဖို့ ဝယ်ယူတာတွေကြောင့် ရောင်းအားကောင်းနေတာလို့ ဆိုကြပါတယ်။

“ဝါးနဲ့ဓနိချပ်တွေကတော့ရောင်းအားကောင်းတယ်။ဝယ်သူတွေလည်းများတယ်။ နွေရာသီဘက်ရောက်လာတော့ နေအိမ်တွေပြုပြင်တာ။ခြံစည်းရိုးကာရံဖို့အတွက်ဝယ်ယူကြတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်က ဝါးနဲ့ဓနိချပ်တွေရောင်းချသူဒေါ်အေးကျော့စိန်က Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် အာရက္ခဒေသမှာအိမ်ဆောက်ပစ္စည်းတွေလည်းအဆမတန်ဈေးမြင့်တက်နေတာကြောင့် ဒေသခံတွေဟာ ငွေကြေးအခက်အခဲတွေနဲ့ စစ်ပွဲကာလဖြစ်တာမို့ တိုက်တာအဆောက်အအုံတွေ မဆောက်လုပ်နိုင်ကြဘူးလို့ဆိုကြပါတယ်။

ငွေကြေးအရင်းအနှီးအများမကုန်ဘဲ အကုန်အကျနည်းပါးတဲ့ဝါးနဲ့ဓနိချပ်တွေဝယ်ယူပြီး နေအိမ်ဆောက်လုပ်ကြသူတွေများပြားလာလို့ ရောင်းအားကောင်းနေတာလို့ ဆိုပါတယ်။

“ခုကစစ်ပွဲကာလလေ။ငွေတွေအများကြီးကုန်ကျပြီးတိုက်အိမ်တွေဆောက်နေလဲ လေကြောင်းနဲ့လက်နက်ကြီးပစ်လို့ပျက်စီးမယ့်အန္တရာယ်ကိုကြောက်ရတယ်။ဝါးနဲ့ဓနိမိုးပြီး အိမ်တွေပဲဆောက်နေကြတယ်။ နွေရာသီဆိုအရိပ်အမိုးလည်းကောင်းတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံအမျိုးသားတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခဒေသမှာ ဝါးအလုံးရေတရာကို အရွယ်အစားနဲ့အရှည်အပေါ်မှုတည်ပြီး ကျပ်ခြောက်သောင်းကနေကျပ်တသိန်းကျော်၊ဓနိအချပ်ရေ တရာကိုလည်းအရွယ်အစားပေါ်မှုတည်ပြီး ကျပ်သုံးသောင်းခွဲအထိဈေးနှုန်းရှိနေတယ်လို့လည်း ဆိုကြပါတယ်။

အာရက္ခဒေသမှာ မွေးမြူရေးခြံတွေလည်း အရင်ကထက်ပိုမိုဆောက်လုပ်လာလို့ သောင်းနဲ့ချီတဲ့ဓနိချပ်တွေနဲ့ ဝါးအလုံးရေထောင်ပေါင်းများစွာကို အချိန်တပတ်ကျော်ခန့်အတွင်း မြန်မြန်ဆန်ဆန်ရောင်းချနိုင်တယ်လို့လည်း ရောင်းချသူတွေက ဆိုကြပါတယ်။

ဓနိချပ်တွေဟာ အာရက္ခဒေသမြေပုံ၊ မြောက်ဦးနဲ့ မင်းပြားစတဲ့မြို့နယ်တွေကအများအပြားထွက်ရှိပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာဖြန့်ချိရောင်းချနေကြပါတယ်။

အဲဒီအပြင် ဝါးတွေဟာလည်း ကုလားတန်မြစ်အထက်ပိုင်းဒေသ၊လေးမြို့ချောင်းအထက်ပိုင်းဒေသနဲ့ ယိုးချောင်းအထက်ပိုင်းဒေသတွေကအများအပြားထွက်ရှိကြတယ်လို့လည်းဆိုကြပါတယ်။

လက်ရှိမှာ ဝါးနဲ့ဓနိချပ်တွေဟာ အရင်နှစ်ကထက် ဝယ်ယူကြသူတွေပိုများနေလို့ ရောင်းအားကောင်းနေတာလို့ ရောင်းချနေသူတွေက ဆိုပါတယ်။

PrevPrevious​ရောင်းအားကောင်းနေတဲ့ အာရက္ခဒေသက ဝါးနဲ့ဓနိီးတွေ
Nextဘုံသဘောတူညီချက်ကိုဆက်လုပ်သွားမယ်လို့ အာဆီယံပြောNext
Previous Post

​ရောင်းအားကောင်းနေတဲ့ အာရက္ခဒေသက ဝါးနဲ့ဓနိီးတွေ

Next Post

ဘုံသဘောတူညီချက်ကိုဆက်လုပ်သွားမယ်လို့ အာဆီယံပြော

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​မော်လူးမြို့ကို အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

May 5, 2026
ဓာတ်ပုံ - မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း

တနင်္သာရီမှာ အာဏာသိမ်းစစ်တပ်ကားမိုင်းဆွဲခံရပြီး တိုက်ပွဲတွေဖြစ်ပွား

May 5, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေး တပ်မတော်

​ပဲခူးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၅ နှစ်ပြည့် အခမ်းအနားပြုလုပ်

May 5, 2026
Ref/Photo - AFP

​တရုတ်ရှိမီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံး

May 5, 2026

​မော်လူးမြို့ကို အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

တနင်္သာရီမှာ အာဏာသိမ်းစစ်တပ်ကားမိုင်းဆွဲခံရပြီး တိုက်ပွဲတွေဖြစ်ပွား

​ပဲခူးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၅ နှစ်ပြည့် အခမ်းအနားပြုလုပ်

​တရုတ်ရှိမီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံး

ဝက်လက်မှာ အခြေခံနိုင်ငံရေးဦးဆောင်မှုသင်တန်းဖွင့်

​မဲအေးမှာ စွန့်ပစ်ကားပေါ်မှ မူးယစ်ဆေးတွေဖမ်းမိ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​မော်လူးမြို့ကို အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

May 5, 2026
ဓာတ်ပုံ - မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း

တနင်္သာရီမှာ အာဏာသိမ်းစစ်တပ်ကားမိုင်းဆွဲခံရပြီး တိုက်ပွဲတွေဖြစ်ပွား

May 5, 2026
ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေး တပ်မတော်

​ပဲခူးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၅ နှစ်ပြည့် အခမ်းအနားပြုလုပ်

May 5, 2026
Ref/Photo - AFP

​တရုတ်ရှိမီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် ၂၁ ဦး သေဆုံး

May 5, 2026
Photo - ABFSU

ဝက်လက်မှာ အခြေခံနိုင်ငံရေးဦးဆောင်မှုသင်တန်းဖွင့်

May 5, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

​မဲအေးမှာ စွန့်ပစ်ကားပေါ်မှ မူးယစ်ဆေးတွေဖမ်းမိ

May 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page