Border News Agency
ကျောက်ကြီး၊ ဖေဖော်ဝါရီ ၁၇။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာကိုခံရတဲ့ စစ်မှုထမ်းတပ်သား ၉ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ဆီမှာ အလင်းဝင်လာတယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီလ ၁၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတပ်သား ၉ ဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက KNU နယ်မြေထဲကို ရောက်ရှိလာတာဖြစ်ပြီး သူတို့ဟာဆန္ဒမပါဘဲ အတင်းအဓမ္မစုဆောင်းခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီခိုလှုံလာသူတွေထဲမှာ အသက် ၂၃ နှစ်ကနေ ၄၁ နှစ်အရွယ်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီတပ်သားတွေကို KNU ဘက်က ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသလို စစ်ကော်မရှင်တပ်ထဲမှာ အဓမ္မခိုင်းစေခံနေရသူတွေအနေနဲ့လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ KNU က တိုက်တွန်းထားပါတယ်။






