Border News Agency
ကူဝိတ်၊မတ် ၂။
ကူဝိတ်ကောင်းကင်ယံမှာ အမေရိကန်လေတပ်ရဲ့ F-15E Strike Eagle တိုက်လေယာဉ် ၃ စင်းဟာ မဟာမိတ်အချင်းချင်း မှားယွင်းပစ်ခတ်မိရာကနေ ပျက်ကျသွားခဲ့တာလို့ အမေရိကန်ဗဟိုစစ်ဌာနချုပ်(CENTCOM)က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ အီရန်ရဲ့ဒုံးကျည်နဲ့ဒရုန်းတွေ တိုက်ခိုက်မှုကိုခုခံနေရတဲ့ ပြင်းထန်တဲ့တိုက်ပွဲအတွင်းမှာ ကူဝိတ်ရဲ့လေကြောင်းကာကွယ်ရေးစနစ်က အမေရိကန်လေယာဉ်တွေကို ရန်သူအမှတ်နဲ့ မှားယွင်းပစ်ချမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ပျက်ကျသွားတဲ့ လေယာဉ် ၃ စင်းပေါ်က လေယာဉ်အဖွဲ့သား ၆ ဦးစလုံး ကတော့ ကံကောင်းထောက်မစွာနဲ့ အချိန်မီခုန်ထွက်နိုင်ခဲ့လို့ အသက်ဘေးကလွတ်မြောက်ခဲ့ပြီး လက်ရှိမှာတော့ဘေးကင်းရာကို ရောက်ရှိနေပြီလို့ဆိုပါတယ်။
ကူဝိတ်အစိုးရဘက်ကလည်း ဒီမှားယွင်းပစ်ခတ်မှုကိုဝန်ခံထားပြီး အမေရိကန်နဲ့ပူးပေါင်းကာ လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။






