Border News Agency
နေပြည်တော်၊ဧပြီ ၁၇ ။
အာဏာသိမ်းစစ်တပ်ကမတရားဖမ်း ဆီးထောင်ချထားတဲ့နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဧပြီလ ၁၇ ရက်၊ ဒီနေ့တောင်ငူအကျဥ်းထောင်က ပြန်လွတ်လာပါပြီ။
အဲဒီနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မတရားဖမ်းဆီးပြီးအဂတိအမှု ၄ မှုအပြင် ပုဒ်မ ၁၃၀-ကနဲ့စုစုပေါင်းထောင်ဒဏ် ၉ နှစ်နဲ့၆ လ ချမှတ်ခဲ့တာပါ။
အဲဒီနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို အာဏာသိမ်းစစ်ခေါင်းမင်းအောင်လှိုင်ဟာ သမ္မတအမည်ခံပြီးပြန်လွတ်ပေး လိုက်တာပါ။






