Border News Agency
ရန်ကုန်၊စက်တင်ဘာ ၂၅။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ) ရဲ့ 48th PLA Navy Escort Task Group စစ်ရေယာဉ်သုံးစင်းဟာ စက်တင်ဘာလ ၂၄ ရက်၊နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာပါတယ်။
အဲဒီစစ်ရေယာဉ်တွေမှာ Tang Shan ဖျက်သင်္ဘော၊ Da Qing ဖရီဂိတ်စစ်ရေယာဉ်နဲ့ Tai Hu ထောက်ပံ့ရေးစစ်ရေယာဉ်တို့ ဖြစ်ကြပါတယ်။
ခရီးစဉ်အတွင်း Senior Captain Xu Fang ဦးစီးတဲ့ တရုတ်အရာရှိ၊ စစ်သည်တွေလိုက်ပါလာကြတာပါ။
သူတို့ဟာ ရန်ကုန်မြို့ရှိ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်မှာဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။




















