Border News Agency
ဘင်္ဂလားဒေ့ရှ်၊စက်တင်ဘာ ၂၆။
မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားရပ်တန့်နေတဲ့ ညှိနှိုင်းအစည်းအဝေးတွေပြန်လည်စတင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနဲ့ စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်ဥက္ကဋ္ဌ Rear Admiral S M Moniruzzaman တို့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုကို စက်တင်ဘာလ ၂၃ ရက်၊မ နက်ပိုင်းက စစ်တကောင်းဆိပ်ကမ်းအာဏာပိုင် One Stop Building မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံမှုအတွင်းနှစ်နိုင်ငံကြား ကုန်သွယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ နှစ်နိုင်ငံထွက်ကုန်တွေအပြန်အလှန်သယ်ယူရာမှာ အခွန်ကောက်ခံမှုနဲ့ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတာပါ။
အဲဒီနောက် မြန်မာသံအမတ်ကြီးဟာ စစ်တကောင်းဆိပ်ကမ်းရဲ့ လုပ်ငန်းလည်ပတ်နေမှု အခြေအနေတွေကိုလိုက်လံကြည့်ရှုခဲ့ပါတယ်။








