Border News Agency
နမ့်ခမ်း၊မေ ၃၁။
ရှမ်းပြည်မြောက်ပိုင်း၊TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အနီးကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက်၊ဒီနေ့ နေ့လည်ကပြင်းထန်တဲ့ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် လတ်တလောမှာ အရပ်သားပြည်သူ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီးနေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့သိရပါတယ်။
အဲဒီပေါက်ကွဲသံဟာ တော်တော်လေးကျယ်လောင်ခဲ့ပြီး လေကြောင်းကနေ ဗုံးကြဲခံရတာ ဒါမှမဟုတ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒါပေမယ့် နမ့်ခမ်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်အချို့ကတော့ လက်နက် သို့မဟုတ် ယမ်းဂိုဒေါင်တစ်ခု ပေါက်ကွဲတာ ဖြစ်နိုင်ပြီး သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
အဲဒီ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။








