Border News Agency
ပူထရာဂျာယာ၊ ဇူလိုင် ၁၇။
မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ဆီမန်ညစ်ရှိ နေရာနှစ်ခုကိုလူဝင်မှုကြီး ကြပ်ရေးဌာနက ဇူလိုင်လ ၁၅ရက်နေ့မှာဝင်ရောက်ပြီး ခွင့်ပြုချက်မရှိဘဲတရားမဝင်နိုင်ငံခြားသားလုပ်သားတွေထောက်ပံ့ပေးနေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမှာအသက်နှစ်ဆယ့်ခုနှစ်မှငါးဆယ်ခုနှစ်နှစ်အတွင်းရှိ နိုင်ငံခြားသားခုနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့ထဲမှာ မလေးရှားအမြဲတမ်းနေထိုင်ခွင့်ကတ် (MyPR) ကိုင်ဆောင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ကုမ္ပဏီပိုင်ရှင်တဦးလည်းပါဝင်ပါတယ်။
အဲဲဒီအပြင် ကျောင်းသားဗီဇာကိုင်ဆော င်ထားသူတဦးနဲ့ယာယီအလုပ်လုပ်ကိုင်ခွင့်ပါမစ်ရှိသူ ထိုင်းအမျိုးသမီးတဦးမှလွှဲပြီး ကျန်နိုင်ငံခြားသားတွေဟာ ဘ ယ်တရားဝင် ဗီဇာ၊နိုင်ငံကူးလက်မှတ်မှကိုင်ထားတာမရှိကြပါဘူး။
သူတို့အဖွဲ့ဟာ စားသောက်ဆိုင်တွေကိုပြပြီး တရားမဝင်လုပ်သား ရှာဖွေထောက်ပံ့ပေးတာ၊ဗီဇာသက်တမ်းတိုးပေးဖို့ လူတဦးကို ရင်းဂစ်လေးထောင်ခန့် တောင်းခံတာတွေလုပ်ခဲ့ကြပါတယ်။
အဲဒီအပြင်နိုင်ငံကူးလက်မှတ်သုံးဆယ်နှစ်အုပ်နဲ့ငွေသား ရင်းဂစ်လေးသောင်းရှစ်ထောင့်ငါးရာကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။














