Border News Agency
ဗီယက်နမ်၊ စက်တင်ဘာ ၄။
ဗီယက်နမ်နိုင်ငံသို့ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အဖွဲ့ဟာ စက်တင်ဘာလ ၄ ရက်၊ဒီနေ့ညနေပိုင်းမှာ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ပါတယ်။
အဲဒီကုမ္ပဏီသို့ ရောက်ရှိစဉ် Viettel မှ တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် Viettel ဥက္ကဋ္ဌက အာဏာသိမ်းစစ်ခေါင်းဆောင်ကို လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ်အတွင်း ကုမ္ပဏီရဲ့လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတွေကို တာဝန်ရှိသူတွေကရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက်အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ Viettel ရဲ့ ဆက်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာလုပ်ငန်းတွေ၊ ခေတ်မီနည်းပညာတွေ အသုံးပြုဆောင်ရွက်နေမှု အခြေအနေတွေကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။


















