Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၄။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူဒေါ်ကြူကြူလှဦးဆောင်တဲ့အဖွဲ့ဟာ ဗီယက်နမ်နိုင်ငံသို့ စက်တင်ဘာလ ၄ ရက်၊ဒီနေ့ မနက်ပိုင်းမှာ သွားနေပြီဖြစ်ပါတယ်။
အဲဒီခရီးစဉ်မှာ ဗီယက်နမ်သမ္မတတိုလန်းရဲ့ ဖိတ်ကြားချက်အရသွားရောက်တဲ့ တရားဝင်ခရီးစဉ်ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ နိုင်ငံတကာ သံတမန်ရေးအရပစ်ပယ်ခံထားရချိန် ခုလိုအာဆီယံအဖွဲ့ဝင်ဗီယက်နမ်နိုင်ငံသို့ သွားရောက်တာဖြစ်ပါတယ်။
ခုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စတွေကို တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။











