Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အင်တာဗျူး အာရက္ခဒေသ

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ဗဟိုပါတီရုံးမှဒေါ်လှမြခိုင်ရဲ့ မုဒိမ်းမှုအကြောင်းရခိုင်ဘာသာစကားနဲ့ဆွေးနွေးတာကို Border News Agency က မြန်မာဘာသာနဲ့ပြန်ဖော်ပြလိုက်ပါတယ်။

မေး။ ။ပထမဦးဆုံး သက်ငယ်မုဒိမ်းမှုဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဆိုတာ အသက် ၁၂ နှစ်အောက်မိန်းကလေးကို မုဒိမ်းမှုကျူးလွန်ရင်သက်ငယ်မုဒိန်းမှုဖြစ်ပါတယ်။

နောက်တချက်ကမိန်းကလေးက ခွင့်ပြုသည်ဖြစ်စေ၊မပြုသည်ဖြစ်စေ အသက် ၁၆ နှစ်အောက်အရွယ်ရှိတဲ့ အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ရင် မုဒိ မ်းမှုဖြစ်ပါတယ်။

အာဆီယံဒေသတွင်းနနိုင်ငံတကာမှာပါ အသက် ၁၆ နှစ်မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို သူစိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်တာဟာ သက်ငယ်မုဒိမ်းမှုဖြစ်ပါတယ်။

မေး။ ။ဘယ်သူတွေက လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရနိုင်ခြေရှိလဲဆိုတာကိုလည်းဆွေးနွေးပေးပါ။

ဖြေ။ ။​လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရတဲ့အုပ်စုထဲမှာ ကလေးငယ်ကနေစပြီး အသက်အရွယ်မရွေး၊ ဘာသာမရွေး၊လူတန်းစားမရွေးကျူးလွန်ခံရနိုင်ပါတယ်။

အထူးသဖြင့် မိမိတို့ကိုယ်တိုင်စောင့်ရှောက်ကာကွယ်နိုင်စွမ်းမရှိသေးတဲ့ ကလေးငယ်တွေမှာ အလွယ်တကူလှည့်ဖြားခံရပြီး ကျူးလွန်ခံရလေ့ရှိပါတယ်။

​စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့ကလေးတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ကလေးတွေ၊ မိဘနဲ့အုပ်ထိန်းသူတွေ အလုပ်မ အားလပ်လို့ အမြဲတမ်းမစောင့်ရှောက်နိုင်ဘဲ အိမ်မှာတယောက်တည်းကျန်ရစ်ခဲ့တဲ့ကလေးတွေ၊မိဘနဲ့ဆွေမျိုးအသိုက်အဝန်းရဲ့စောင့်ရှောက်မှုမခံရတဲ့ ကလေးတွေ၊မိဘကွဲသွားလို့အုပ်ထိန်းသူတခြားအသိုက်အဝန်းတွေနဲ့နေထိုင်ရတာကြောင့် အကာအကွယ်မဲ့နေတဲ့ကလေးတွေ၊ဆင်းရဲနွမ်းပါးလွန်းလို့ အလွန်ပင်ကျပ်တည်းတဲ့မိသားစုက ကလေးတွေလည်း ပိုက်ဆံ၊အစားအစာနဲ့ လှည့်ဖြားမှုတွေ၊အလုပ်ခွင်မှာ အလွယ်တကူလှည့်ဖြားပြီး လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသူတွေပါဝင်ပါတယ်။

မေး။ ။သက်ငယ်မုဒိမ်းမှုဖြစ်ရတဲ့ အကြောင်းအရင်းတွေနဲ့ဘယ်သူတွေက ကျူးလွန်ကြသလဲဆိုတာရှင်းပြပေးပါ။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဖြစ်ရတဲ့ အကြောင်းအရင်းတွေဟာ အမျိုးမျိုးရှိနိုင်ပါတယ်။

​ပထမတချက်…

မူးယစ်ဆေးဝါးနဲ့အရက်ကို အလွန်အကျွံသုံးစွဲသောက်စားတဲ့အခါ ပုံမှန်အသိစိတ်ပျောက်ဆုံးပြီး မုဒိမ်းမှု၊လူသတ်မှုကဲ့သို့ကိစ္စတွေကို ကျူးလွန်နိုင်ခြေအများကြီးရှိပါတယ်။

ဒုတိယတချက်…

လူမှုကွန်ရက်စာမျက်နှာတွေက လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေ၊အညစ်အညမ်းစာသားတွေနဲ့ ရုပ်ရှင်/ဗီဒီယိုတွေကို အလွယ်တကူကြည့်ရှုနိုင်မှု၊စွဲလန်းမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။

​တတိယတချက်…

စီးပွားရေး၊လူမှုရေးအခြေအနေတွေကြောင့် မိသားစုတွေအဆင်မပြေဘဲ ပညာရေးကျဆင်းလာတာ၊လူမှုစံနှုန်းတွေနိမ့်ကျလာတာနဲ့ အခွင့်အရေးရတဲ့နေရာအခြေအနေတွေကို အလွဲသုံးစားလုပ်မှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

​နောက်တချက်က…

စာနာစိတ်လျော့နည်းတာ၊ အခြားသူတွေအပေါ် စာနာထောက်ထားစိတ်နိမ့်ကျလာတာနဲ့ စိတ်လိုက်မာန်ပါပြုလုပ်လိုတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ပြီးတော့ လိင်ပိုင်းဆိုင်ရာအသိပညာဗဟုသုတနည်းပါးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

​ဘယ်သူတွေကကျူးလွန်ကြလဲဆိုရင် အများအားဖြင့်မိသားစုနဲ့ အနီးကပ်ဆုံးနေထိုင်ကြသူတွေဖြစ်လေ့ရှိပါတယ်။

ဆွေမျိုးအသိုက်အဝန်း၊အသိမိတ်ဆွေတွေနဲ့ယုံကြည်ရပါတယ်ဆိုတဲ့ သူတွေကအဲဒီယုံကြည်မှုကို အလွယ်တကူအလွှဲသုံးစားပြုပြီး မုဒိမ်းမှုတွေကိုကျူးလွန်ကြတာဖြစ်ပါတယ်။

​သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ၉၃ ရာ ခိုင်နှုန်းက ကလေးငယ်နဲ့ရင်းနှီးကျွမ်းဝင်သူတွေကကျူးလွန်တတ်ပြီး ကျန် ၇ ရာခိုင်နှုန်းကပဲ ကလေးသူငယ်နဲ့လုံးဝမသိကျွမ်းတဲ့သူစိမ်းတွေကကျူးလွန်ကြတာဖြစ်ပါတယ်။

အန္တရာယ်ရှိသူဟာ မုဒိမ်းမှုကို ကျူးလွန်ဖို့ လမ်းသွားလမ်းလာမသိသူအစိမ်းသက်သက်မဟုတ်ဘဲ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ နီးစပ်သူတွေ၊ တရွာတည်း အတူနေထိုင်သူတွေဖြစ်ကြပြီး အနီးကပ်ဆုံးလူတွေကအများဆုံးကျူးလွန်တတ်ကြပါတယ်။

မေး။ ။ဘယ်လိုနေရာတွေမှာ သက်ငယ်မုဒိမ်းမှုဖြစ်တတ်သလဲ။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဟာအချိန်ကာ လမရွေး၊ နေရာဒေသမရွေးဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် မိဘတွေနဲ့အုပ်ထိန်းသူတွေအနေနဲ့ အမြဲတမ်းသတိထားဖို့လိုအပ်ပါတယ်။

လူသူဝေးလံတဲ့နေရာတွေ၊ အိမ်မှာမိဘနဲ့အုပ်ထိန်းသူမရှိတဲ့အချိန်တွေ၊ လူဆိတ်ငြိမ်တဲ့လမ်းကြိုလမ်းကြားတွေနဲ့ ခြုံနွယ်ပိတ်ပေါင်းထူထပ်တဲ့နေရာတွေ၊ရေ တွင်း၊လယ်ကွင်းပြငစတဲ့ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် မိမိတို့နေထိုင်ရာပတ်ဝန်း ကျင်မှာ”ငါတို့ဆီမှာသက်ငယ်မုဒိမ်းမှုမဖြစ်နိုင်ပါဘူး။”လို့ ပေါ့ဆစွာမတွေးဘဲ သတိအမြဲရှိနေဖို့လိုအပ်ပါတယ်။

မေး။ ။သက်ငယ်မုဒိမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ်တားဆီးရမလဲ။

​သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီးကာကွယ်တားဆီးရေးဟာ အရေးကြီးဆုံးဖြစ်ပါတယ်။

ကလေးမိဘတွေနဲ့အုပ်ထိန်းသူတွေအနေနဲ့ ပတ်ဝန်းကျင်ကိုသတိမလွတ်ဘဲဂရုတစိုက်ရှိရပါမယ်။

ရပ်ရွာအတွင်း၊စစ်ရှောင်စခန်း သို့မဟုတ် အိမ်နီးနားချင်းဆက်ဆံရေးမှာ အုပ်ထိန်းသူတွေအနေနဲ့မိမိတို့ကလေးတွေကို အမြဲမပြတ်သတိနဲ့ဂရုတစိုက်စောင့် ရှောက်ရပါမယ်။

ရပ်ရွာအိမ်နီးနားချင်းတွေရဲ့ ထူးခြားတဲ့မူမမှန်တဲ့အမူအရာတွေ၊အရက်အလွန်အကျွံသောက်စားပြီး ရမ်းကားထိုင်သောက်နေတာစတာတွေကို သတိထားဖို့လိုအပ်ပါတယ်။

​မုဒိမ်းမှုကျူးလွန်ဖို့အတွက် တမင်တကာရည်ရွယ်ချက်ရှိရှိလုပ်ကြံတာဟာ သက်ငယ်မုဒိမ်းမှုဖြစ်တဲ့နေရာတွေမှာ အများဆုံးတွေ့ရတဲ့အခြေအနေတွေဖြစ်တာကြောင့် အုပ်ထိန်းသူတွေအနေနဲ့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

ကလေးတွေဟိုနားဒီနားသွားလာတဲ့အခါ မောင်နှမတွေနဲ့သွားလာရမယ်လို့ ပြောပြထားရပါမယ်။

ကလေးငယ်တွေအတွေ့အကြုံမရှိတာကိုအခွင့်ကောင်းယူပြီး ကျူးလွန်နိုင်တာကြောင့်ဖြစ်ပါတယ်။ ကလေးတွေကို အပေးအယူတခုခုနဲ့လှည့်ဖြားပြီးခေါ်ဆောင်သွားတတ်ကြပါတယ်။

အဲဒါကြောင့် အဲဒီကိစ္စရပ်တွေကို ကလေးတွေအသိပညာရရှိအောင် အမြဲတမ်းသတိပေး/ဆုံးမထားဖို့လိုအပ်ပါတယ်။

မေး။ ။မိသားစုတွေဟာ ဘယ်လိုအကြောင်းအရာတွေကို သိထားသင့်သလဲ။

ဖြေ။ ။​ကလေးမိဘအုပ်ထိန်းသူတွေဟာ သားသမီးတွေကို သူတို့ခန္ဓာကိုယ်ရဲ့သီးသန့်အစိတ်အပိုင်းတွေကို မည်သူမျှလာရောက်ကြည့်ရှုခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်းမပြုရဆိုတာကို ကလေးတွေနားလည်အောင်သင်ကြားပြသပေးထားရပါမယ်။

မြန်မာနိုင်ငံမှာ ကလေးငယ်တွေအနေနဲ့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး အသိပညာဗဟုသုတနည်းပါးသေးတဲ့အတွက် မိဘအုပ်ထိန်းသူတွေက ဦး ဆောင်ပြီး လေ့လာဆွေးနွေးပေးကြရပါမယ်။

မိဘနဲ့အုပ်ထိန်းသူတွေက ကလေးငယ်တွေကိုအရေးကြီးတဲ့စည်းကမ်းတွေသင်ပေးထားဖို့လိုအပ်ပါတယ်။

တဦးတယောက်က မိမိရဲ့ခန္ဓာကိုယ်ကိုမသမာတဲ့ စိတ်နဲ့ထိတွေ့ကိုင်တွယ်တာ၊ ကျူးလွန်တာတွေပြုလုပ်ရင် မိဘအုပ်ထိန်းသူတွေကို မကွယ်ဝှက်ဘဲချက်ချင်း ပြန်ပြောပြဖို့ သွန်သင်ထားရပါမယ်။

​ကျူးလွန်သူတွေက”ဘယ်သူ့ကိုမှမပြောရဘူး။”လို့ ခြိမ်းခြောက်ခဲ့ရင်တောင် မိဘတွေကိုရဲရဲဝံ့ဝံ့ပြန်လည်ပြောပြနိုင်တဲ့အခြေအနေဖြစ်အောင် သံယောဇဉ်နဲ့ယုံကြည်မှုကိုတည်ဆောက်ထားရပါမယ်။

နိုင်ငံအသီးသီးမှာလိင်ပိုင်းဆိုင်ရာအသိပညာပေးမှုတွေကို နည်းလမ်းမျိုးစုံနဲ့ကလေးတွေနားလည်အောင်သင်ကြားပေးနေပါတယ်။

ကလေးငယ်တွေအနေနဲ့မိမိရဲ့ခန္ဓာကိုယ်ကို ကာကွယ်တတ်ဖို့နဲ့မသမာတဲ့ မသင်္ကာဖွယ်ပြုမူမှုတွေကိုအန္တရာယ်ရှိတယ်လို့ ခွဲခြားသိမြင်နိုင်ဖို့လိုအပ်ပါတယ်။

​ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဒီကိစ္စကိုလျှို့ဝှက်ဆန်းကြယ်သဖွယ်ရှက်စရာလို့ သတ်မှတ်ပြီးပိတ်ပင်ထားတတ်ကြပါတယ်။

မိဘတွေအနေနဲ့ အထက်ပါအချက်တွေကိုလိုက်နာပြီး အိမ်တွင်းမှာပွင့်လင်းတဲ့ ဆက်ဆံရေးတည်ဆောက်တာနဲ့ သက်ငယ်မုဒိမ်းမှုကိုကိုယ်တိုင်ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။

မေး။ ။မတော်တဆဖြစ်ပွားခဲ့ရင် မိဘတွေအနေနဲ့ဘယ်လိုဆောင်ရွက်သင့်သလဲ။

ဖြေ။ ။​သက်ငယ်မုဒိမ်းမှုဆိုတာ ကျွန်ုပ်တို့လူ့အသိုင်းအဝန်းမှာ လုံးဝမရှိသင့်တဲ့ကိစ္စတခုဖြစ်ပါတယ်။

တကယ်လို့မတော်တဆသက်ငယ်မုဒိန်းမှုဖြစ်ခဲ့ရင် မိဘအုပ်ထိန်းသူတွေအနေနဲ့ ရပ်ရွာအတွင်းရှိသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ဒီလပ်ဌာနကို ချက်ချင်းတိုင်ကြားရပါမယ်။

​တချို့ မိဘအုပ်ထိန်းသူတွေမှာ ဒေါသထွက်လွယ်ပြီး ကလေးတွေကိုမသွားသင့်တဲ့နေရာကို သွားလာရကောင်းလားဆိုပြီး ကျူးလွန်ခံရတဲ့ကလေးတွေကို အပြစ်တင်လေ့ရှိတတ်ကြပါတယ်။

မိသားစုအနေနဲ့သိက္ခာကျမယ်။ အရှက်ကွဲမယ်ဆိုတဲ့ အတွေးနဲ့လူမသိအောင်မျိုသိပ်သည်းခံကာ အမှုမဖွင့်ဘဲမတိုင်ကြားဘဲနေတတ်ကြပါတယ်။ကျူးလွန်သူအနေနဲ့အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတယ်။

မိဘတွေကမတိုင်ကြားဘဲဖုံးကွယ်ပေးထားရင် ကျူးလွန်သူဟာပြစ်ဒဏ်မှလွတ်မြောက်သွားပြီး နောက်ထပ်ကလေးငယ်တွေကိုပါ ထပ်မံကျူးလွန်ဖို့အခွင့် အရေးရသွားတတ်ပါတယ်။

အဲဒါကြောင့် နောက်ဆက်တွဲအန္တရာယ်တွေပိုမိုမြင့်မားလာနိုင်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့မိမိတို့ရဲ့ကလေးတွေ အခွင့်အရေးနဲ့ အနာဂတ်အတွက် စိတ္တဇဖြစ်ဖွယ်စကားတွေကို ဂရုမစိုက်ဘဲရဲရဲဝံ့ဝံ့တိုင်ကြားအရေးယူကြဖို့ တိုက်တွန်းအပ်ပါတယ်။

သက်ငယ်မုဒိမ်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက်နဲ့ဆိုးကျိုးတွေ

​သက်ငယ်မုဒိမ်းမှုဆိုင်ရာဥပဒေမှာမည် သူမဆို အသက် ၁၂ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာစိစစ်ကျူးလွန်တာ(သက်ငယ်မုဒိမ်းမှု) ဟာ ကြီးလေးတဲ့ရာဇဝတ်မှုဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းချက်တွေအရကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်မှထောင်ဒဏ် ၂၀ ထိဖြစ်စေ၊တသက်တကျွန်း/ထောင်ဒဏ်တသက်ဖြစ်စေပြင်းထန်စွာ အရေးယူဒဏ်ခတ်ရမယ်လို့ပါရှိပါတယ်။

မိန်းကလေးကခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ အသက် ၁၆ နှစ်အောက်အရွယ်ရှိသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ရင်လည်း မုဒိန်းမှုဖြစ်ပါတယ်။

ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် ၂၀ ထိဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှု…

ခံရသူကလေးသူငယ်တွေအတွက် စိတ်ဓာတ်ရေးရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေဟာ တသက်တာလုံးကျန်ရစ်စေနိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု…

ကလေးသူငယ်တွေဟာ ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုမပြည့်စုံသေးတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိနိုင်ပြီး အသက်အန္တရာယ်ထိပါစိုးရိမ်ရတဲ့ အခြေအနေတွေရှိနိုင်ပါတယ်။

​ဥပဒေစိုးမိုးရေးအတွက် ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ထိရောက်ပြင်းထန်စွာကိုင်တွယ်အရေးယူရမှာဖြစ်ပါတယ်။

နောက်ထပ်ထပ်မံမကျူးလွန်ဝံ့အောင် ဟန့်တားဖို့နဲ့ကလေးသူငယ်တွေ လုံခြုံစွာကြီးပြင်းနိုင်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့ဟာ အနာဂတ်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

ဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးဆောင်ရွက်ချက်တွေ

​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန အနေနဲ့သက်ငယ်မုဒိန်းကာကွယ်တား ဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်ရေးအတွက်လည်း ထိရောက်စွာအရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

​၂၀၂၆ ခုနှစ်၊ဩဂုတ်လမှ စတင်ပြီးသက်ငယ်မုဒိန်းမှု၊လူသတ်မှုစတဲ့ကြီးလေးတဲ့ ရာဇဝတ်မှုတွေကိုထိရောက်စွာအရေးယူနိုင်ဖို့ အထူးတရားရုံးတွေဖွင့်လှစ်ကာ ပြစ်ဒဏ်ပေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ခရိုင်၊မြို့နယ်၊တိုက်နယ်၊ရပ်ရွာပါတီကော်မတီတွေ၊ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနတွေ၊အမျိုးသမီးနဲ့ လူငယ်အဖွဲ့အစည်းတွေပူးပေါင်းပြီး ရပ်ရွာအတွင်း သက်ငယ်မုဒိမ်းမှုကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွေနဲ့ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

PrevPreviousဒက်စတိုပီယန်းဘဝတွေ- ၃
Nextမီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိNext
Previous Post

ဒက်စတိုပီယန်းဘဝတွေ- ၃

Next Post

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒက်စတိုပီယန်းဘဝတွေ- ၃

September 3, 2026

ဒက်စတိုပီယန်းဘဝတွေ – ၂

September 3, 2026

ပုဏ္ဏားကျွန်း၊စစ်တွေနဲ့ရသေ့တောင်ကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 3, 2026

ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းကို စစ်တပ်လေကြောင်းတိုက်ခိုက်

September 3, 2026

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

နီပေါ ရေအားလျှပ်စစ်ဧရိယာမှာ ပိတ်မိသူနှစ်ဦးကိုကယ်နိုင်ခဲ့

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

ဖာန်းမြို့နယ်မှာ မူးယစ်ကွန်ရက်ရဲ့ဘတ်လေးသန်းကျော်တန်ဖိုးရှိ မြေတွေကိုသိမ်းဆည်း

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Releated Post

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

September 4, 2026
​ဓာတ်ပုံ - နီပေါတပ်မတော်

နီပေါ ရေအားလျှပ်စစ်ဧရိယာမှာ ပိတ်မိသူနှစ်ဦးကိုကယ်နိုင်ခဲ့

September 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

September 4, 2026
​ဓာတ်ပုံ - สำนักงาน ป.ป.ส. - ONCB

ဖာန်းမြို့နယ်မှာ မူးယစ်ကွန်ရက်ရဲ့ဘတ်လေးသန်းကျော်တန်ဖိုးရှိ မြေတွေကိုသိမ်းဆည်း

September 4, 2026

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

September 4, 2026

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

September 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page