Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃။
Snowpiercerနဲ့ Hunger Gamesထဲပြောတာက အုပ်ချုပ်သူတွေရဲ့ လူထုအပေါ် တရားသေပြဋ္ဌာန်းချက်ပါပဲ။
အဲဒီနှစ်ခုစလုံးမှာ အုပ်ချုပ်သူတွေဟာ အရေးပေါ် အခြေအနေတွေကို အသုံးချပြီး သူတို့ရဲ့နိုင်ငံရေးအာဂျင်တာတွေအတွက် လူထုကို အမြတ်ထုတ်ကြိုးကိုင်ဖိနှိပ်နေတာတွေကို တွေ့ရမှာပါ။
ဘယ်သူက ဘယ်လိုနေရမယ်ဆိုတဲ့ နိုင်ငံရေးအာဂျင်တာဟာ အုပ်ချုပ်သူက ဖန်ဆင်းရှင်သဖွယ်ဖြစ်ပြီး အုပ်ချုပ်ခံရသူက ဖန်ဆင်းရှင်အလိုကျသာရှိရမယ်ဆိုတဲ့ အာဏာအကျိုးအမြတ်အတွက်ရက် စက်ကြမ်းတမ်းမှုတွေ၊တရားမဲ့မှုတွေရှိနေတာကိုမြင်ရမှာပါ။
အဲဒီလိုဖိနှိပ်ဖို့အတွက်လည်း အုပ်ချုပ်သူတွေဟာ အရေးပေါ်အခြေအနေတွေနဲ့ လူတွေရဲ့ဖြစ်တည်မှုတိုင်းကို သွေးစုတ်အမြတ်ထုတ်နေတာကို တွေ့ရပါလိမ့်မယ်။
အဲဒီထုတ်ပြန်သမျှ စည်းမျဉ်းတွေဟာ အုပ်ချုပ်ခံတွေဘက်က လိုက်နာဖို့အတွက်သာဖြစ်ပြီး အုပ်ချုပ်သူတွေဘက်က လိုက်နာစရာမလိုတဲ့ သဘောမျိုးကိုလည်းမြင်ရမှာပါ။
အဲဒါတွေဟာအုပ်ချုပ်သူတွေဘက်က လူထုအပေါ် ပြုကျင့်မှုမှာ သူတို့ရဲ့ တရားသေရပိုင်ခွင့်လို့ သတ်မှတ်ထားတာကိုလည်း တွေ့ရမှာပါ။
အဲဒီလိုသတ်မှတ်မှုဟာ ငြင်းဆန်လို့မရတဲ့အရာဖြစ်တယ်ဆိုတဲ့ ယုတ္တိတရားတွေကိုလည်း အုပ်ချုပ်သူတွေရဲ့ဝါဒဖြ န့်ချိလိမ်ညာနေမှုတွေကို ဇာတ်လမ်းနှစ်ခုစလုံးမှာတွေ့ရမှာပါ။
Snowpiercer ထဲမှာ အုပ်ချုပ်သူ ဝဲလ်ဖောဒ်က “ရထားကြီး ဆက်လက်လည်ပတ်နေဖို့အတွက်၊အများအကျိုးအတွက်မဖြစ်မနေတချို့ကို စတေးဖို့လုပ်ရတာပါ။”ဆိုတဲ့ အကြောင်းပြချက်တွေ၊ Hunger Games ထဲက သမ္မတစနိုးက သူအုပ်ချုပ်မှုကို ဆန့်ကျင်ရင်နောင်ကျဉ်စေချင်တဲ့ဒဏ်ခတ်မှု”သတ်ဖြတ်ခြင်း ကစားပွဲ”ကို လူ့အဖွဲ့အစည်းအတွက်၊ အေးချမ်းတည်ငြိမ်ဖို့အတွက် လိုအပ်ချက်အဖြစ်အကြောင်းပြတာတွေစတဲ့ ဝါဒဖြန့်ချိမှုတွေကိုတွေ့ရမှာပါ။
Snowpiercerထဲက စနစ်ကိုတော်လှန်သူကာတစ်(Curtis)က သူ့ဟာသူစနစ်ကြောင့် အပြစ်ရှိနေသူအဖြစ် ခံယူချက်ကပဲ တွန်းလှန်မှုကိုအစပြုခဲ့ပါတယ်။
Hunger Gamesထဲက စနစ်ကိုတော်လှန်သူကတ်နစ်(Katniss)ကတော့ သူ့မိသားစုကို ကာကွယ်စောင့်ရှောက်လိုစိတ်ကပဲ တွန်းလှန်မှုကိုအစပြုခဲ့ပါတယ်။
အဲဒီအချက်က ဘယ်လိုပဲ ရက်စက်ကြမ်းတမ်းတဲ့စနစ်တွေအောက် နာခံလာအောင်ရိုက်သွင်းပါစေ။လူသားဆန်မှုတွေကပဲ အဲဒီစနစ်တွေကို ပြန်ပြီးရိုက်ချိုးသွားခဲ့တာကိုပြနေပါတယ်။
လူထုကို အရွဲ့တိုက်တဲ့ တော်လှန်ရေးလား
အာဏာအရင်းအမြစ်ကိုကိုင်ထားတဲ့ ဖိနှိပ်သူအုပ်ချုပ်သူတွေကို ပြန်လည်ရင်ဆိုင်ရတာဟာ မလွယ်ကူတဲ့အလုပ်ပါ။ အများအတွက် ကိုယ်ကျိုးမဖက်ပါဆိုတဲ့သူတွေတောင်မှ တခါတခါမှာ လူထုကို အားမလိုအားမရ ဖြစ်တတ်ကြပါတယ်။
လူထုဟာ သူရဲ့နေ့စဉ်လူမှုဘဝမှာ သူ့အကျိုးစီးပွားနဲ့တိုက်ရိုက်ဆက်စပ်နေရင်တော့ အဲဒီဖြစ်စဉ်အပေါ်မှာ စိတ်လိုလက်ရရှိပါလိမ့်မယ်။
လူထုအပေါ် စိတ်ရှည်လက်ရှည်ချဉ်းကပ်ပြီး လူထုရဲ့အခက်အခဲဘက်က ရပ်တည်မှုကိုမပြုဘဲ ကိုယ့်နိုင်ငံရေးအာဂျင်တာအတွက် လိုအပ်ချက်ကိုပြည့်မှီအောင် မထောက်ခံရကောင်းလား။ ငါတို့လိုအပ်ချက်ကို ပြည့်မှီအောင်မထောက်ခံလို့ ငါတို့အကြောင်းသိစေရမယ်ဆိုတဲ့ ကိုယ်အခက်အခဲကို ဗဟိုပြုချဉ်းကပ်လာတဲ့အခါ လူထုရဲ့ရှင်သန်မှုဟာအပြစ်ဖြစ်လာပါတယ်။
အဲဒီလိုလူထုကို အပြစ်မြင်စိတ်ရယ်။ ငါတို့ကပေးဆပ်အနစ်နာခံထားကြသူတွေ၊ ဒါကြောင့် ငါတို့က ဒီလိုအာဏာ လုပ်ပိုင်ခွင့်ရှိသင့်တယ်ဆိုတဲ့ အတွေးအခေါ်ရယ် နောက်မှာ Hunger Games ထဲက (District 13) ရဲ့ခေါင်းဆောင် အဲလ်မာ ကွိုင်း(Alma Coin)လို အာဏာရှင်ကို ဆန့်ကျင်ရင်း အာဏာရှင်ဖြစ်သွားတဲ့ လူမျိုးတွေပေါ်လာပါတယ်။
လူထုထက် တမူးပိုရှူချင်တဲ့အထာမျိုးတွေနဲ့ အာဏာပြမှုတွေရှိလာတဲ့အခါ လူထုမှာ ဒက်စတိုပီယန်းဘဝတွေကများလာပါတယ်။
ကိုယ့်အခက်အခဲပဲ ဗဟိုပြုစဉ်းစားနေ တဲ့အခါ လူထုအခက်အခဲကို ဂရုမစိုက်တော့ပါဘူး။
ကိုယ့်ဖာသာကိုယ် တဖက်သတ်ချောင်ပိတ်နေတဲ့အခါ လူထုကိုပါချောင်ပိတ်ဖို့ စဉ်းစားလာတာမျိုးပါ။
ရခိုင်ဒေသတော်လှန်ရေးထဲမှာ တချို့ဟာ လူထုချစ်ခင်မှုထက် လူထုဆီက ကြောက်ရွံ့ခန့်ညားမှုကို ပိုလိုချင်လာကြပုံပေါ်နေပါတယ်။
ဘာပဲ ဖြစ်ဖြစ် အလုပ်ဖြစ်ရင်ပြီးပြီဆိုတဲ့ နိုင်ငံရေးအနေအထားနောက်မှာ အပေးအယူတွေ၊ချေးငှားထားတဲ့အကြွေးတွေလည်းရှိနေမှာဖြစ်သလို ဒါတွေအတွက်လည်း လူထုကိုလည်ပင်းနင်းပြီး အကြွေးဆပ်ခိုင်းကြမှာပါ။
လူထုအတွက် လူမှုဘေးဒုက္ခ၊ငတ်ပြတ်မှု၊မလုံခြုံမှုတွေနဲ့အတူ စစ်ပွဲရဲ့အမဲလိုက်ခြင်းကိုပါ ခံနေရပါတယ်။
ပြည်သူလူထုဟာ မလုံခြုံမှု၊ငတ်ပြတ်မှုတွေ၊အဆင်မပြေမှုတွေရှိနေမယ့် အတူတူတနေရာထွက်သွားရင်လည်း”ထွက်ခွာခြင်း”ပြစ်ဒဏ်တွေ ရှိနေပါတယ်။
ဆက်ရန်…










