Border News Agency
အူခီယား၊စက်တင်ဘာ ၃။
ကော့စ်ဘဇာခရိုင်၊ အူခီယားမြို့နယ်၊ ကော့စ်ဘဇားစခန်းယာယီစစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးပြားနှစ်သောင်းနဲ့အတူ ရိုဟင်ဂျာအမျိုးသားတဦးဖမ်းရပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ RAB-15၊ CPC-2 မှ တပ်ဖွဲ့ဝင်တွေဟာ အူခီယာမြို့နယ်၊ကော့စ်ဘဇားစခန်းအနီးမှာ စက်တင်ဘာလ ၂ ရ က်နေ့၊ညနေ ၄ နာရီခွဲခန့်က ယာယီစစ်ဆေးရေးဂိတ်ဖွင့်ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးစဉ် အမှတ် ၁၅ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာနေထိုင်သူ အဗ္ဗဒူရာမန်မောင်းနှင်လာတဲ့သုံးဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ ယာဉ်ပေါ်သိုဝှက်သယ်လာတဲ့ မူးယစ်ဆေးပြားနှစ်သောင်းကို ရှာတွေ့ခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိသူအဗ္ဗဒူရာမန်ကို အူခီယားမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးဥပဒေနဲ့အမှုဖွင့် အရေးယူထားပါတယ်။











