Border News Agency
ထိုင်း၊ စက်တင်ဘာ ၂။
အမေရိကန်ရေတပ်ရဲ့ USS Abraham Lincoln စစ်သင်္ဘောမှရေတပ်နဲ့ ရေကြောင်းတပ်ဖွဲ့ဝင်ငါးထောင်ကျော်ဟာ အပန်းဖြေစခန်းချဖို့ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ စက်တင်ဘာလ ၂ ရက်၊ဒီနေ့ ရောက်ရှိလာခဲ့ကြပါတယ်။
အဲဒီစစ်သည်တော်တွေရောက်ရှိလာတာကြောင့် ပတ္တယားမြို့မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ စပါးနဲ့နှိပ်နယ်ရေး စခန်းတွေ၊ ဈေးဝယ်စင်တာတွေအပြင် ညဘက်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ဘားဘီယာဆိုင်တွေမှာ လာရောက်အသုံးပြုသူတွေနဲ့ အထူးစည်ကားသက်ဝင်လှုပ်ရှားနေပါတယ်။
တဖက်မှာလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လိင်ဖျော်ဖြေရေးဝန်ဆောင်မှုတွေဝယ်ယူတာကို လုံးဝပိတ်ပင်ထားပြီး ဖောက်ဖျက်ရင် ဥပဒေအရအရေးယူခံရမယ်ဆိုတဲ့ အမေရိကန်စစ်တပ်ရဲ့ စည်းကမ်းချက်တွေရှိနေပါတယ်။
စစ်သည်တော်တွေလာရောက်အပန်းဖြေမှုကို စက်တင်ဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ရာ ပတ္တယားမြို့ရဲ့ စီးပွားရေးနဲ့ညဘက်ဖျော်ဖြေရေးစျေးကွက်အတွင်း လာရောက်သုံးစွဲသူတွေနဲ့ ဆက်လက်စည်ကားနေအုံးမှာဖြစ်ပါတယ်။


















