Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဒက်စတိုပီယန်းဘဝတွေ- ၃

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။

​ရခိုင်ဒေသရဲ့ဒက်စတိုပီယန်းတွေ

​၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက် ရခိုင်ဒေသဟာ နယ်စပ်ကုန်သွယ်ရေးတွေလုံးဝပြိုလဲသွားသလို လူဦးရေနှစ်သန်းခန့်လည်း နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရကြဘဲ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို အဆုံးဝါးဆုံးခံစားကြုံတွေ့နေကြရပါတယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၂ ရက်နေ့ အစီရင်ခံစာကဆိုပါတယ်။

အဲဒီအပြင် ပြည်တွင်းပြည်ပကုန်စည်စီးဆင်းမှုတွေတားဆီးကန့်သတ်ခံထားကြရပြီး ရခိုင်ဒေသဝင်မလာတော့သလို ငွေကြေးတန်ဖိုးကျဆင်းမှု၊ငွေကြေးဖောင်း ပွမှု၊အလုပ်အကိုင်တွေဆုံးရှုံးမှု၊စိုက်ပျိုးရေးထုတ်ကုန်ပမာဏလျော့နည်းလာမှုနဲ့အခြေခံဝန်ဆောင်မှုတွေပြတ်တောက်မှုပြီး ဈေးကွက်ဟာလည်းပျက်စီးခဲ့ရပါတယ်။

အဲဒီလိုဆိုးဝါးတဲ့အခြေအနေတွေအောက်မှာ အရေးပေါ်အကူအညီတွေမရဘဲ ရခိုင်ဒေသရဲ့လူဦးရေကိုးဆယ်ငါးရာခိုင်နှုန်းဟာ ရှင်သန်နေထိုင်နေရတယ်လို့ UNDP က သတိပေးထားပါတယ်။

အဲ​ဒီလိုကုန်ထုတ်လုပ်မှုတွေကျဆင်း၊ကုန်ဈေးနှုန်းတွေကြီးမြင့်၊အလုပ်လက်မဲ့တွေများ၊ဘေးကင်းလုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင်မှာ လူတွေဟာသူတို့ကိုယ်သူတို့ ရှင်သန်ဖို့အတွက် တခြားနေရာတွေကိုထွက်ခွာနေကြတယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။

​၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂဘက်ကရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ဒေသတခုလုံးစီးပွားရေးပြိုလဲခဲ့ပြီးဖြစ်သလို ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အထိနာခဲ့တယ်လို့ UNDP က ဆိုပါတယ်။

အဲဒီစိုက်ပျိုးရေးထွက်ကုန်တွေကို ပြည်တွင်းပြည်ပဈေးကွက်တွေကို ပို့ခွင့်မရှိတော့တဲ့နောက်မှာ ရခိုင်ဒေသထဲကလူတွေရဲ့ဝင်ငွေစီးကြောင်းဟာလည်း ရပ် တန့်သွားပါတယ်။

အဲဒါဟာ ရခိုင်ဒေသအပေါ် မြန်မာစစ်တပ်ရဲ့သီးခြားဖယ်ထုတ်ပြီး လူထုကိုပါအစုလိုက်အပြုံလိုက်အပြစ်ပေးနေတာလို့ ကုလသမဂ္ဂကဆိုပါတယ်။

​လူမျိုးစုလက္ခဏာအပေါ်တင်းမာမှုဟာလည်း စီးပွားရေးအပေါ်သက်ရောက်ဆိုးဝါးစေတယ်လို့ UNDP က ဆိုပါတယ်။(စကားချပ်- ကုလသမဂ္ဂရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ လူမျိုးစုလက္ခဏာအပေါ်လွှမ်းမိုးမှုဆိုတဲ့အသုံးအနှုန်းဟာ ရိုဟင်ဂျာတွေအပေါ် ရည်ညွှန်းလိုပေမယ့် လက်ရှိမှာတော့လူနည်းစုအမျိုးကွဲပြားတဲ့ တောင်ပိုင်းဒေသတွေ၊တခြားသက်၊ခမိ၊မြို၊ဒိုင်းနက်၊မရာမာကြီး၊ချင်းနဲ့ဟိန္ဒုဘာသာဝင်စတဲ့ သရုပ်လက္ခဏာတွေအပေါ်မှာပါ သက်ရောက်မှု၊ ခွဲခြားမှုတွေကရှိနေတော့မှာပါ။

အဲဒီသရုပ်လက္ခဏာတွေအပေါ်မှာလည်း စီးပွားရေးအခွင့်အလမ်းတွေကခွဲခြားခံနေရမှာပါ။)

​စက်မှုလုပ်ငန်းသုံးအတွက် လောင်စာဆီအကျပ်အတည်းအပါအဝင် တခြားအရင်းအမြစ်နဲ့အခွင့်အလမ်းတွေပျောက်ဆုံးမှုက လူငယ်တွေ၊မိသားစုတွေကို ထွက်ခွာမှုတွေဖြစ်စေတယ်လို့ UNDP က ဆိုပါတယ်။

အဲဒီအထဲမှာထိခိုက်လွယ်တဲ့ရိုဟင်ဂျာတွေအပါအဝင် တခြားသူတွေဟာလမ်းခရီးမှာ အန္တရာယ်တွေ၊လူကုန်ကူးသူတွေရဲ့အန္တရာယ်တွေရှိနေပေမယ့် ထွက်ခွာနေမှုရှိနေကြဆဲပါ။

အဲ​ဒီလိုအကျပ်အတည်းတွေဟာ အမျိုးသမီးတွေအတွက် ပိုပြီးဝန်ထုတ်ဝန်ပိုးတွေ၊ဖိအားတွေဖြစ်စေပါတယ်။

အဲဒီအပြင် လုပ်ငန်းခွင်အကန့်အသတ်ကြီးမားမှု၊ကျား/မ ခွဲခြားမှုတွေက ပိုမိုမြင့်တက်လာမှုနဲ့ဝင်ငွေနိမ့်ပါးမှုတွေက အမျိုးသမီးတွေကိုအကျပ်အတည်းထဲ ရောက်စေတယ်လို့ UNDP က ဆိုပါတယ်။

​ပြီးခဲ့တဲ့ဩဂုတ်လ ၂၉ ရက်နေ့က ရခိုင်ဒေသမှနေရပ်စွန့်ခွာမှုတွေနဲ့ပတ်သက်ပြီး ULA/AA ရဲ့ ရဲတပ်ဖွဲ့ (DLEPS) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ကို အနှစ်ချုပ်ကြည့်ရင်တော့ ULA/AA က လူကုန်ကူးမှုကိုအရေးယူနေသလို အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ကထွက်ခွာဖို့ကြိုးစားသူတွေကိုဖမ်းဆီးနေတယ်။

အဲဒီထဲက NDEP အရ အကျုံးဝင်သူတွေကိုစစ်မှုထမ်းပို့နေပြီး အကျုံးမဝင်သူတွေကိုပြစ်ဒဏ်ပေးပြန်လွှတ်နေတယ်လို့ ဆိုထားပါတယ်။

အဲ​ဒီနေရာမှာ လူကုန်ကူးမှုကို အပြစ်အဖြစ်သတ်မှတ်တာကအကြောင်းမဟုတ်ပေမယ့် ဒက်စတိုပီယန်းဘဝတွေကိုပါ လူကုန်ကူးမှုအောက်ထဲကရောကြိတ်မယ့်လက္ခဏာတွေကို တွေ့လာရတာကစိတ်မသက်သာစရာပါ။

​ရခိုင်ဒေသရဲ့မျိုးဆက်သစ်လူငယ်တွေအပေါ် အာဏာသိမ်းစစ်တပ်အပါအဝင်ULA/AA ကလည်း စစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မခြိမ်းခြောက်မှုတွေရှိနေပြီး အဲဒါဟာမျိုးဆက်တခုလုံးရဲ့အနာဂတ်ကို သက်ရောက်မှုရှိလာနိုင်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၄ ခုနှစ်က စတင်ကျင့်သုံးလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရခိုင်လူငယ်တွေအပေါ် သ က်ရောက်မှုတွေရှိနေပါတယ်။

အဲဒီနောက်အာရက္ခတပ်တော်(AA)ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)ကိုပြဋ္ဌာန်းပြီး လူငယ်တွေကို ပြည်ပထွက်ခွာခွင့်တားလိုက်သလို တပ်သားသစ်တွေစတင်စုဆောင်းလာတာကြောင့် လူငယ်တွေဟာလက်နက်ကိုင်ပဋိပက္ခသားကောင်တွေ ဖြစ်လာခဲ့ကြရပါတယ်။

အဲဒီအာဏာသိမ်းစစ်တပ်နဲ့အာရက္ခတပ်တော်ဟာ ရခိုင်လူငယ်တွေအပါအဝင်လူနည်းစုတွေထဲကလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့သက်သေအချက်အလက်တွေကို Border News Agency က လက်ခံရရှိထားပါတယ်။

အဲဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တွေအပါအဝင် ပါတီနိုင်ငံရေးပြည်သူ့ကိုယ်စားပြုသူတွေဟာ လက်နက်ကိုင်ပဋိပက္ခဆိုးကျော့သံသရာထဲရုန်းထွက်နိုင်မယ့် နိုင်ငံရေးထွက်ပေါက်တွေကို ရှာဖွေစဥ်စားဆုံးဖြတ်ကြရတော့မှာဖြစ်ပါတယ်။

အဲဒီလက်နက်ကိုင်ပဋိပက္ခဆိုးကျော့သသရာကို အချိန်မီမဖြတ်နိုင်ဘူးဆိုရင်တော့ အနာဂတ်မျိုးဆက်တွေအပါအဝင် ဒေသတည်ငြိမ်ဖွံ့ဖြိုးရေးတွေဟာလည်း သုဿန်တစပြင်လိုဖြစ်နေပြီး ဒေသလူထုမျိုးဆက်တွေဟာလည်း အကျပ်အတည်းသံသရာထဲမှာအဖန်တရာသားကောင်းတွေ ဆက်ဖြစ်နေကြဦးမှာပါပဲ။

​ဆက်ရန်…

​ကိုးကား…

https://news.un.org/en/story/2024/11/1156676?hl=en-GB
PrevPrevious‎လယ်ဒိုစိုးမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ
Next“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”Next
Previous Post

‎လယ်ဒိုစိုးမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

Next Post

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
(ဓာတ်ပုံ - ငပြီကျွန်းတိုက်ပွဲမှာပစ်ခတ်နေကြတဲ့အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့/AA)

ငပြီကျွန်းတိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေ

October 23, 2026

စစ်တွေမြို့ထဲ လက်နက်ကြီးကျလို့ ငါးဦးသေဆုံး

October 23, 2026

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

မင်းတုန်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

မြိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

မိုးမောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မြို့သစ်တံတားပျက်စီး

Releated Post

​ဓာတ်ပုံ - ABN

အဉ္ဇနပူရမှာ စက်လှေခိုးသူတွေကို အာရက္ခအစိုးရထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်ချ

October 23, 2026
(ဓာတ်ပုံ - အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာအနီးကျရောက်ခဲ့တဲ့နေရာ/ပေးပို့)

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့

မဲဆောက်မှာ နိုင်ငံခြားသားဆယ့်တဦးကို ထိုင်းစစ်တပ်ဖမ်း

October 23, 2026

မင်းတုန်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

October 23, 2026
​(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ပြည်သူနေအိမ်တလုံး/ KenDo PDF)

မြိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

October 23, 2026
​(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ မိုးမောက်မြို့သစ်တံတား/ Lung Jung LA N)

မိုးမောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မြို့သစ်တံတားပျက်စီး

October 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page