Border News Agency
အဉ္ဇနပူရ၊ အောက်တိုဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အဉ္ဇနပူရခရိုင်မှာ တခြားမြို့နယ်တွေကပြည်သူပိုင်စက်လှေလေးဆယ်တစီးကို အုပ်စုဖွဲ့ ခိုးယူခဲ့တဲ့ တရားခံသုံးဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မြို့နယ်တရားရုံးက အောက်တိုဘာလ ၁၆ ရက်နေ့ ထောင်ဒဏ်ခြောက်နှစ်မှ နှစ်ဆယ့်နှစ်နှစ်ထိအမိန့်ချမှတ်လိုက်ပါတယ်။
အဲဒီဝီရဌာနီမြို့နယ်၊ချောင်းဇောက်ကျေးရွာမှ အသက်လေးဆယ်ကိုးနှစ်အရွယ်မောင်ယောင်းဦး(ခ)ဦးမောင်ညွန့်၊အသက်လေးဆယ်ခြောက်နှစ်အရွယ်ထွန်းမြင့်စိုးနဲ့ အသက်သုံးဆယ်ခြောက်နှစ်အရွယ်ဖိုးကျော်(ခ)ကျော်မင်းဖြစ်ကြပါတယ်။
အဲဒီတရားခံတွေဟာစက်လှေတစီးခိုးယူမှုအတွက်ထောင်ဒဏ်နှစ်နှစ်စီနှုန်းနဲ့ တရားရုံးကပြစ်ဒဏ်တွက်ချက် အမိန့်ချခဲ့တာဖြစ်ပါတယ်။
အဲဒီထဲကရာဇသတ်ကြီး ပုဒ်မ ၃၇၉၊ ပုဒ်မ ၃၇၉/၄၁၁ နဲ့ တရားခံ မောင်ယောင်းဦးအား အမှု ၁၁ မှုအတွက် ထောင်ဒဏ်နှစ်ဆယ့်နှစ်နှစ်၊ ထွန်းမြင့်စိုးအားအမှုကိုးမှုအတွက် ထောင်ဒဏ်ဆယ့်ရှစ်နှစ်နဲ့ ဖိုးကျော်ကို ထောင်ဒဏ် ခြောက်နှစ်စီကျခံစေခဲ့တဲ့အပြင် ခိုးရာပါပစ္စည်းလက်ခံမှုအတွက် ဒဏ်ငွေ ကျပ် သုံး သိန်းစီ ပေးဆောင်စေခဲ့ပါတယ်။
အဲဒီတရားခံတွေဟာ တခြားစက်လှေခိုးမှုအမှုတွဲတချို့အတွက်လည်း တရားရင်ဆိုင်ဖို့ ကျန်နေသေးပါတယ်။









