Border News Agency
မြိုင်၊ အောက်တိုဘာ ၂၃။
မကွေးတိုင်း၊မြိုင်မြို့နယ်အနောက်ပိုင်းရှိကျေးရွာကို အောက်တိုဘာလ၂၃ ရက်၊ဒီနေ့ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီမြိုင်မြို့နယ်၊တဲကြီးရွာကို ဒီနေ့ မနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်မှာ တံတားဦးလေတပ်မှ တက်လာတဲ့ တိုက်လေယာဉ်နဲ့ လေကြောင်းမှရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ တဲကြီးကျေးရွာမှာ တလကျော်ကြာအထိုင်ချ တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာတွေကိုလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့်
ဒေသခံတွေဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒေသခံတွေစစ်ဘေးရှောင်နေရတာ နှစ် လခွဲမှ သုံးလခွဲခန့်ထိကြာမြင့်နေပြီဖြစ်လို့ စားဝတ်နေရေး အခက်အခဲတွေကြုံတွေ့နေရပြီး လေကြောင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ကိုလည်း ကွန်မန်ဒို ပြည်သူ့ကာကွယ်ရေးတပ်ကသတိပေးထားပါတယ်။










