Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကို အောက်တိုဘာလ ၂၃ ရက်နေ့၊ ဒီနေ့နေလည် ၂ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကအသက်လေးဆယ်ခြောက်နှစ်အရွယ်ဦးလှချေတင်သေဆုံးသွားပြီးအသက်ခြောက်ဆယ်သုံးနှစ်အရွယ်ဒေါ်အေးနု၊အသက်နှစ်ဆယ်ငါးနှစ်အရွယ်အောင်လင်းစိုးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကားလမ်းပေါ်မှာကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။











