Border News Agency
လယ်ဒိုစိုး၊ စက်တင်ဘာ ၃။
ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ထားဝယ်ခီးကျေးရွာအုပ်စုကို စက်တင်ဘာလ၃ ရက်နေ့က အာဏာသိမ်းစစ်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရသွားပါတယ်။
အဲဒီရာဖူးကျေးရွာမှာအာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၄၀၈ ခြေမြန်တပ်ရင်း၊ အမှတ် ၂၈၂ ခြေလျင်တပ်ရင်း၊ အမှတ်၃၀၈ အမြောက်တပ်ရင်းပူးပေါင်းတပ်စွဲထားပါတယ်။
အဲဒီရာဖူးကျေးရွာအတွင်းသို့ ၆၀ မမ လက်နက်ကြီး ဗုံးသီးရှစ်လုံးပစ်ခတ်ခဲ့တာမို့ အရပ်သားတဦးဒဏ်ရာရခဲ့သလို နေအိမ်တလုံးပျက်စီးခဲ့ပါတယ်။











