Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဆောင်းပါး ရသေ့တောင်မြို့နယ် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

အာရက္ခဒေသက ဆယ်ကျော်သက်မိန်းကလေးငယ်တွေ ဘာကြောင့်အိမ်ထောင်ပြုနေကြတာလဲ

Author picture

By

Swe Zin Htike
Reading Time: 3 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

နတ်သျှင်မေ ရေးပါတယ်။

Border News Agency
ရသေ့တောင်၊ စက်တင်ဘာ ၂။

မယူတောင်တန်းကြီးအရှေ့ဖက်မှာ ဝါဆိုမိုးဟာ ရီဝေဝေဆွေးမြေ့လွမ်းဆွတ်နေသလို မိုးပုလဲလုံးလေးတွေကိုတဖွဲ့ဖွဲ့ခြွေချနေပါတယ်။

မယူတာင်တန်းကြီးနောက်ခံနဲ့ မယူကမ်းဒေသကကျေးလက်တောရွာကလေးကတော့ နို့စို့ကလေးငယ်အော်ငိုသံလေးနဲ့ဆီးကြိုနေပါတယ်။

အဲဒီမိုးပုလဲစက်လေးတွေ တဖွဲ့ဖွဲ့ခြွေကျနေတဲ့ မနက်ခင်းမှာ အသက်ဆယ့်ငါးနှစ်အရွယ် မိန်းကလေးငယ်တဦးဟာ ငိုယိုနေတဲ့လသားအရွယ်ကလေးငယ်ကို ရင်ခွင်ထဲမှာမနိုင်မနင်းပွေ့ဖက်ထားပါတယ်။

တိုင်မှာချိတ်ဆွဲထားတဲ့ ကလေးအဝတ်အစားတွေကိုလက်တဖက်နဲ့ ကမန်းကတန်းလှန်းနေရတဲ့ခန္ဓာကိုယ်သေးသေးကွေးကွေးနဲ့မအိအတွက် အဲဒီမြင်ကွင်းဟာ အရွယ်နဲ့မမျှအောင်ပင် ပင်ပန်းနွမ်းနယ်လွန်းလှပါတယ်။

​”အသက်ဆယ့်ငါးနှစ်မှာ ကလေးအမေဖြစ်သွားလိမ့်မယ်လို့ ကျမတခါမှမတွေးဖူးခဲ့ဘူး။”လို့ မအိက ရင်ခွင်ထဲကကလေးငယ်ကို ပွေ့ချီရင်းငေးမောကြည့်ကာ စပြောပြပါတယ်။

အဲ​ဒီမြင်ကွင်းကတော့ အာရက္ခဒေသရှိ ဆင်းရဲနွမ်းပါးတဲ့ အိမ်ခြေသုံးဆယ်ကျော်ရှိတဲ့ ရွာလေးတရွာမှတဲအိမ်ငယ်အရှေ့မှာတွေ့မြင်ရတဲ့အခြေအနေဖြစ်ပါတယ်။

​အာရက္ခဒေသမှာမအိလိုဆယ်ကျော်သက် မိန်းကလေးငယ်တွေ စောစီးစွာ အိမ်ထောင်ပြုနေရတာဟာခုနောက်ပိုင်း ပုံမှန်ဖြစ်စဉ်လိုဖြစ်လာနေတာပါ။

စစ်ပွဲကြောင့်ကျောင်းတွေ ပိတ်ထားရတာ၊ဆင်းရဲနွမ်းပါးမှုနဲ့လုံခြုံရေးကင်းမဲ့မှုတွေက အဲဒီမိန်းကလေးငယ်တွေကိုအိမ်ထောင်ပြုဖို့ တွန်းပို့နေတယ်လို့ ဒေသခံတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကဆိုကြပါတယ်။

တခြားဒေသအချို့မှာကလေးငယ်တွေ ကျောင်းတက်နေကြတဲ့ကျောင်းဖွင့်ရာသီရောက်ရှိနေပေမယ့် မအိအတွက်ကတော့ စာသင်ခန်းဆီသွားခွင့်မရှိတော့ဘဲ ကလေးတဖက်နဲ့အိမ်ထောင်သည် မိခင်ငယ်တဦးဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

​ဆယ်ကျော်သက်အိမ်ထောင်ပြုမှုနဲ့ ပညာရေးပြတ်တောက်မှု

​ဆယ်ကျော်သက်မိန်းကလေးငယ်တွေ စောစီးစွာအိမ်ထောင်ပြုနေရတာဟာ တဦးတယောက်ရဲ့ အကျင့်စာရိတ္တကြောင့်မဟုတ်ဘဲ တိုက်ပွဲတွေ၊ဆင်းရဲနွမ်းပါးမှုနဲ့ပညာရေးပြတ်တောက်မှုတွေကြောင့် ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ဇူလိုင်လမှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံမှာ အမျိုးသားရောအမျိုးသမီးပါ အသက် ၁၈ နှစ်ပြည့်မှသာ အိမ်ထောင်ပြုခွင့်ရှိတယ်။

အဲဒီဥပဒေက အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုတာကို တားမြစ်ထားပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံဟာ ၁၉၉၁ ခုနှစ် ဇူလိုင်လမှာ ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်(CRC)ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

အဲဒီစာချုပ်မှာ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်၊ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နဲ့ အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုခြင်းမှ ကာကွယ်ပေးရေးတို့ကို ရှင်းလင်းစွာဖော်ပြထားပါတယ်။

ဒါပေမယ့်အာရက္ခဒေသလို ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာတော့ ဥပဒေစိုးမိုးရေးအားနည်းနေတဲ့အတွက် အဲဒီပြဋ္ဌာန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်တာမရှိသလောက်ဖြစ်နေပါတယ်။

အဲဒီအပြင် အမျိုးသမီးငယ်တွေဟာ ဥပဒေအရအကာအကွယ်မရကြသလို အကူအညီမရကြတာမို့ ဘဝရှင်သန်ရပ်တည်ရေး၊ဘေးကင်းလုံခြုံရေးအပါအဝင် လက်ရှိအခြေအနေတွေအတွက် အိမ်ထောင်ပြုလိုက်ကြရတာများတယ်လို့ဆိုကြပါတယ်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)နဲ့ မြန်မာနိုင်ငံလူဦးရေနဲ့ကျန်းမာရေးစစ်တမ်း(DHS)ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာအမျိုးသမီးငယ်တွေရဲ့ ၁၆ ရာခိုင်နှုန်းဟာ အသက် ၁၈နှစ်မပြည့်မီ အိမ်ထောင်ပြုကြပြီး အာရက္ခဒေသမှာတော့ ထိုနှုန်းဟာ ၂၁ ဒသမ ၈ ရာခိုင်နှုန်းထိ ပိုမိုမြင့်မားနေတာတွေ့ရပါတယ်။

​အာရက္ခဒေသတွင်းဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ရေရှည်ပိတ်ထားရတာဟာ မိန်းကလေးတွေရဲ့ပညာရေးကို လုံးဝအဆက်ပြတ်သွားစေတဲ့ အဓိကအကြောင်းရင်းဖြစ်နေတာပါ။

Institute for Strategy andPolicy – Myanmar (ISP-Myanmar)ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံတဝှမ်းကျောင်းအသက်အရွယ် ကလေး ၆ ဒသမ ၃ သန်းကျော် ကျောင်းမတက်နိုင်ဘဲ ရှိနေပါတယ်။

အဲဒီအပြင် ပဋိပက္ခတွေကြောင့် ကျောင်းတွေ ပိတ်ထားရတာဟာကျောင်းထွက်ရတာရဲ့အဓိကအကြောင်းရင်းဖြစ်ပြီး အာရက္ခဒေသမှာ အလယ်တန်းအဆင့် ကျောင်းမတက်နိုင်နှုန်း ၄၉ ရာခိုင်နှုန်းထိမြင့်မားနေတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။

​”တိုက်ပွဲတွေကြောင့် ကျောင်းတွေပိတ်သွားသလိုမိဘတွေကလည်း ဆင်းရဲတော့ ရှေ့ဆက်ကျောင်းထားပေးဖို့ မတတ်နိုင်ကြတော့ဘူး။ဆယ်တန်းအောင်ရင် ကွန်ပျူတာသင်တန်းတက်ချင်ခဲ့တာပါ။ ဒါပေမယ့်အနာဂတ်မှာ ဘာဆက်လုပ်ရမှန်း မသိတော့တဲ့အခါ အိမ်ထောင်ပြုဖို့ပဲလမ်းရှိတော့တာနဲ့ လက်ခံလိုက်ရတာပါ။”လို့ မအိကသူမရဲ့ စာသင်ခန်း ပျောက်ဆုံးသွားခဲ့ရပုံကိုပြောပြပါတယ်။

​စစ်မှုထမ်းဥပဒေတွေနဲ့ထပ်ဆောင်း ဖိအား​ပညာရေးလမ်းကြောင်းပျောက်ဆုံးနေချိန်မှာပင် ၂၀၂၄ ခုနှစ်မှာ စတင်အသက်ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေဟာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ပါရှိပါတယ်။

အဲဒီဥပဒေမှာကိုယ်ဝန်ဆောင်မိခင်တွေ၊ကလေးငယ်ရှိတဲ့ မိခင်တွေ၊နာတာရှည်ရောဂါရှိသူတွေနဲ့ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို စစ်မှုထမ်းကင်းလွတ်ခွင့်ပေးထားပါတယ်။

​အဲဒီရက္ခအဆုံးအဖြတ်စစ်ပွဲမှာပလက်ဝဒေသအပါအဝင် ၁၅ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့အာရက္ခတပ်တော်(AA)က အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(NDEP)အရလည်း အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတွေနဲ့အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတွေ ပြင်ပသို့ထွက်ခွာခွင့်တားမြစ်ထားပြီး စစ်မှုထမ်းဖို့တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်မိခင်တွေ၊ကလေးငယ်ရှိလို့ ပြုစုနေရတဲ့ မိခင်တွေ၊မိဘသက်ကြီးရွယ်အိုတွေကိုတဦးတည်း ပြုစုလုပ်ကိုင်ကျွေးမွေးနေရသူတွေနဲ့ လက်ရှိကျောင်းတက်နေဆဲဖြစ်တဲ့ ကျောင်းသား/ကျောင်းသူတွေဟာစစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပါဝင်ကြပါတယ်။

​အဲဒီအပြင် HIV/AIDS၊တီဘီ၊ကျောက်ကပ်၊ဆီးချို၊နှလုံးရောဂါစတဲ့ နာတာရှည်နဲ့ကူးစက်ရောဂါရှိသူတွေနဲ့ ကိုယ်ခန္ဓာချို့ယွင်းမှုရှိတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေလည်းပါဝင်ကြပါတယ်။

အဲ​ဒီလိုစစ်မှုထမ်းဥပဒေတွေနဲ့ အရေးပေါ် ပြဋ္ဌာန်းချက်တွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ကလေးရှိတဲ့ မိခင်တွေကိုကင်းလွတ်ခွင့်ပေးထားတာဟာ မိန်းကလေးငယ်တွေနဲ့ မိဘတွေအတွက် စောစီးစွာ အိမ်ထောင်ပြုတာကို အကာအကွယ်အဖြစ် ရွေးချယ်ဖို့ ပိုမိုတွန်းအားပေးတဲ့ ထပ်ဆောင်းဖိအားတခု ဖြစ်လာခဲ့ပါတယ်။

​”စစ်မှုထမ်းဥပဒေနဲ့ကန့်သတ်ချက်တွေ သတင်းကြားတော့ မိဘတွေကော ကျမပါအရမ်းကြောက်သွားကြတာ။ စစ်ထဲပါသွားမှာစိုးလို့၊ အိမ်ထောင်ရှိရင်၊ကလေးရှိရင် ကင်းလွတ်ခွင့်ရတယ်ဆိုတော့ မိဘတွေကော ကျမပါ အကာအကွယ်ရမလားဆိုပြီး အလျင်စလို အိမ်ထောင်ပြုလိုက်ရတာပါ။”လို့ အာရက္ခဒေသက အသက်ဆယ့်ခုနှစ်နှစ်အရွယ် မလှမေကပြောပါတယ်။

​လုံခြုံရေးကင်းမဲ့မှုနဲ့ မိဘတွေရဲ့သောက

အဲဒီ​စစ်မှုထမ်း ဖိအားတွေအပြင် ပဋိပက္ခနယ်မြေတွေအတွင်း တရားဥပဒေစိုးမိုးရေးပြိုလဲသွားတဲ့အခါ မိန်းကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ပြန်ပေးဆွဲခံရမှုနဲ့အလွှဲသုံးစားခံရနိုင်ခြေပိုမိုမြင့်မားလာပါတယ်။

မိန်းကလေးတဦးရဲ့ဘဝမှာလုံခြုံမှုကင်းမဲ့နေတဲ့ဒဏ်ကြောင့် မိဘတွေဟာ မိမိတို့ရဲ့သမီးငယ်တွေကို အမျိုးသားတဦးရဲ့အကာအကွယ်အောက်ထည့်ပေးလိုတဲ့ စိုးရိမ်စိတ်သောကတွေလည်း ရှိနေကြတာပါ။

​မိန်းကလေးငယ်တွေရဲ့အသံတွေအပြင် သူတို့ရဲ့အနာဂတ်ကို မတတ်သာဘဲဆုံးဖြတ်ပေးခဲ့ရတဲ့ မိဘတွေ၊အထူးသဖြင့် မိခင်တွေရဲ့ရင်ထဲမှာလည်း စိတ်ဒဏ်ရာနဲ့ဖိအားများစွာရှိနေကြတယ်လို့ ဆိုကြပါတယ်။

​”သမီးလေးကိုစက်ချုပ်သင်တန်းဖြစ်ဖြစ်၊တခုခုသင်ပေးချင်တာပါ။ ဒါပေမယ့် ရွာမှာ အလုပ်အကိုင်လည်းမရှိ၊စစ်မှုထမ်းရမှာလည်းကြောက်၊စစ်ဘေးရှောင်နေရတော့ သမီးလေးလုံခြုံရေးအတွက်ဆိုပါတော့ အိမ်ထောင်ပြုပေးလိုက်တယ်။ ဒီအသက်အရွယ်ဆိုတော့ မိဘတယောက်အနေနဲ့ ဝမ်းနည်းတယ် ။”လို့ သမီးဖြစ်သူ အသက်ဆယ့်ရှစ်နှစ်နဲ့အိမ်ထောင်ချပေးလိုက်ရတဲ့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းကပြောပါတယ်။

​စားဝတ်နေရေးကျပ်တည်းမှုနဲ့ ရိက္ခာခွဲဝေမှုအခြေအနေ

​ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)နဲ့ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တွေအရ အာရက္ခဒေသအတွင်းစစ်ပွဲကြောင့် နေရပ်စွန့်ခွာသူဦးရေသုံးသိန်းမှငါးသိန်းကျော်ထိ ရှိနေပါတယ်။

နေရပ်စွန့်ခွာရမှုတွေနဲ့အတူ စားဝတ်နေရေးကျပ်တည်းမှုကလည်း မိသားစုတွေအတွက် ကြီးမားတဲ့ဖိအားတခုဖြစ်နေပါတယ်။

​အိမ်မှာမောင်နှမအများအပြားရှိပြီး စားနပ်ရိက္ခာရှားပါးလာတဲ့အခါ မိန်းကလေးငယ်ကို အိမ်ထောင်ပြုပေးလိုက်တာဟာ မိသားစုရဲ့ စားဝတ်နေရေး ဝန်ထုပ်ကို တဦးစာလျှော့ချနိုင်တယ်လို့မိဘတွေက တွက်ချက်ကြပါတယ်။

စစ်ဘေးရှောင်စခန်းတွေနဲ့ကူညီရေးစခန်းတွေမှာ ရိက္ခာအကူအညီတွေကို အိမ်ထောင်စုအလိုက် ခွဲဝေပေးတဲ့အခါ အိမ်ထောင်စုအသစ်ခွဲကာ ရိက္ခာပိုမိုရရှိလိုတဲ့ အခြေအနေတွေကလည်း စောစီးစွာ အိမ်ထောင်ပြုမှုကို ပိုမိုတွန်းအားပေးနေတာပါ။

​”ကျမတို့အိမ်မှာမောင်နှမငါးယောက်ရှိတယ်။ တိုက်ပွဲတွေကြောင့် အလုပ်အကိုင်တွေ ပိတ်ကုန်တော့ စားဝတ်နေရေးအရမ်းကျပ်တည်းလာတယ်။ ကျမက အကြီးဆုံးဆိုတော့ မိဘတွေလည်း ရှေ့ဆက်မထောက်ပံ့နိုင်တော့လို့ မိသားစုရဲ့ စားဝတ်နေရေး ဝန်ထုပ်ဝန်ပိုး သက်သာသွားမလားဆိုပြီး စိတ်လိုက်မာန်ပါနဲ့အိမ်ထောင်ပြုလိုက်ရတာပါ။” လို့ အသက် အသက်ဆယ့်ခြောက်နှစ်အရွယ် မနှင်းမူကပြောပြပါတယ်။

​ဓလေ့ထုံးတမ်း၊ကျန်းမာရေးစိန်ခေါ်မှုနဲ့ အနာဂတ်ရန်ပုံတွေ

​စီးပွားရေးကျပ်တည်းမှုအပြင် ဒေသတွင်းမှာ အမြစ်တွဲနေဆဲဖြစ်တဲ့ ဓလေ့ထုံးတမ်းနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကလည်း တတပ်တအားပါဝင်နေတာပါ။

မိန်းကလေးတဦးအသက်ကြီးလာသည်ထိ အိမ်ထောင်မပြုရင် လူမှုရေးအရစိစစ်ဝေဖန်တတ်တဲ့ ရှေးရိုးစွဲ အမြင်တွေရှိနေကြဆဲဖြစ်ပါတယ်။

​”အသက်ဆယ့်ခြောက်နှစ်နဲ့အိမ်ထောင်ပြုပြီး ကလေးမွေးတော့ရွာကလူတွေက ‘အကျင့်မကောင်းလို့၊ထိန်းသိမ်းမှုမရှိလို့ဆိုပြီး ကဲ့ရဲ့ကြတယ်။ မိဘတွေ မတတ်နိုင်လို့ ကျမတို့ကြုံခဲ့ရတဲ့ပညာရေး ပျောက်ဆုံးမှုနဲ့စားဝတ်နေရေး ဒုက္ခတွေကိုတော့ ဘယ်သူမှမမြင်ကြဘူး။ အပြစ်တင်ရုံပဲ သိကြတာပါ။”လို့ အာရက္ခဒေသရှိ စစ်ဘေးရှောင်စခန်းမှာနေတဲ့ မခင်ခင်ချိုကကပြောပါတယ်။

​လူမှုရေး ဖိအားတွေကြားမှ အိမ်ထောင်ပြုလိုက်ရပေမယ့် အသက် ၁၈ နှစ်မပြည့်မီ ကိုယ်
ဝန်ဆောင်မီးဖွားတာဟာ မိခင်သေဆုံးမှုနဲ့ မွေးကင်းစကလေး သေဆုံးမှုအန္တရာယ်ကို သိသိသာသာ မြှင့်တင်ပေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ UNICEF တို့ကထောက်ပြကြပါတယ်။

ကိုယ်ခန္ဓာကျန်းမာရေးအန္တရာယ်အပြင် မိခင်ငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာဖိအားတွေကိုလည်း အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။

အသက်မပြည့်သေးခင်မှာ မိခင်ဖြစ်သွားရတာကြောင့် စိတ်ဓာတ်ကျမှု၊ စိုးရိမ်ပူပန်မှုနဲ့အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့နေတဲ့ခံစားချက်တွေကို ခံစားနေရတယ်လို့ ဒေသခံမိခင်ငယ်တွေက ပြောပြကြပါတယ်။

ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမပြည့်ဝသေးတဲ့အရွယ်မှာမီးဖွားရတဲ့အပြင် ပဋိပက္ခဒေသတွေမှာကျန်းမာရေး စောင့်ရှောက်မှုလမ်းကြောင်းတွေပိတ်ဆို့နေတာကြောင့် မိခင်ငယ်တွေရဲ့အသက်အန္တရာယ်ဟာ ပိုမို စိုးစိုးရွံ့ရွံ့ဖြစ်နေရပါတယ်။

​”ကလေးမွေးတော့ ကိုယ်တိုင်ကလည်း ဆယ့်ခုနှစ်နှစ်ပဲရှိသေးတော့ အရမ်းကြောက်ခဲ့ရတယ်။အိမ်ထောင်ရေးဆိုတာ ဘာမှန်းမသိဘဲယူလိုက်ရတာ။ အခုတော့ နေ့တိုင်းစိတ်ဖိအားတွေနဲ့ ဘာလုပ်ရမှန်းမသိ ဘဝကလမ်းပျောက်နေတာပါ။”လို့ မအေးအေးကပြောပါတယ်။

​ဒေသတွင်းအမျိုးသမီးအရေးဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူတဦးကလည်း ဒီပြ
ဿနာဟာ ရိုးရှင်းတဲ့အိမ်ထောင်ရေးကိစ္စမဟုတ်ဘဲ စစ်ပွဲနဲ့ ဘဝလုံခြုံရေးဆိုင်ရာပြဿနာဖြစ်တယ်လို့ထောက်ပြထားပါတယ်။

​”ကလေးမတွေကိုအပြစ်တင်နေရုံနဲ့ ဒီပြဿနာ ဘယ်တော့မှမပြေလည်ပါဘူး။ သူတို့ အိ
မ်ထောင်မပြုဘဲ ကိုယ်တိုင်ရပ်တည်နိုင်ဖို့အတွက် ရပ်ရွာအခြေပြု စက်ချုပ်၊လက်မှုပညာနဲ့ တခြား အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဖန်တီးပေးဖို့လိုတယ်။ သူတို့ လက်ထဲမှာဝင်ငွေရှာနိုင်တဲ့ ကျွမ်းကျင်မှုရှိလာရင် စောစီးစွာအိမ်ထောင်ပြုတာတွေ သိသိသာသာလျှော့ချသွားနိုင်မှာပါ။” လို့ အာရက္ခဒေသရှိအမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အစားထိုးပညာရေးနဲ့ကိုယ်ပိုင်ပညာရေးစနစ်တွေစတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ပွဲဒဏ်၊စားဝတ်နေရေး ကျပ်တည်းမှုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မိန်းကလေးငယ်အများအပြားဟာ အဲဒီအခွင့်အလမ်းတွေကို အပြည့်အဝမရရှိနိုင်သေးဘဲ စောစီးစွာ အိမ်ထောင်ပြုရတဲ့ အခြေအနေမှာဆက်ရှိနေဆဲဖြစ်ပါတယ်။

​အိမ်ထောင်ပြုလိုက်တာဟာ အမျိုးသမီးငယ်တွေအတွက် ယာယီခေတ္တ အကာအကွယ်ရရှိသွားနိုင်ပေမယ့် ရေရှည်မှာတော့ ပညာရေးမဲ့တာနဲ့အတူ ဆင်းရဲနွမ်းပါးမှုသံသရာထဲသို့ ပြန်လည်ကျရောက်သွားစေတဲ့ နောက်ဆက်တွဲ စိန်ခေါ်မှုများစွာကျန်ရှိနေပါသေးတယ်။

​အာရက္ခဒေသရှိ ဆယ်ကျော်သက်မိန်းကလေးငယ်တွေ စောစီးစွာအိမ်ထောင်ပြုနေရတာဟာ တဦးတယောက်ရဲ့ အကျင့်စာရိတ္တကြောင့်မဟုတ်ဘဲ တိုက်ပွဲတွေ၊ စစ်မှုထမ်းဥပဒေနဲ့အရေးပေါ်ပြဋ္ဌာန်းချက်တွေရဲ့ဖိအား၊ ဆင်းရဲနွမ်းပါးမှုနဲ့ မိဘတွေမတတ်နိုင်တဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေကသုံးသပ်ကြပါတယ်။

အဲဒါကြောင့် မိန်းကလေးငယ်တွေကို အပြစ်တင်နေရုံနဲ့ ပြဿနာပြေလည်သွားမှာ မဟုတ်ဘဲ မိဘတွေနဲ့ တာဝန်ရှိသူတွေကအစားထိုးပညာရေး၊အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတွေနဲ့ ဘေးကင်းတဲ့ အကာအကွယ်ပေးရေး ယန္တရားတွေကို အရေးတကြီး ဖန်တီးပံ့ပိုးပေးဖို့ လိုအပ်နေတော့တာ ဖြစ်ပါတယ်။

မဟုတ်ရင် ဆယ်ကျော်သက် မိန်းကလေးငယ်တွေရဲ့အနာဂတ်သည်သာမက နောက်မျိုးဆက်တခုလုံးရဲ့ အနာဂတ်ပါ ဆက်လက် မှောင်မိုက်နေဦးမှာ ဖြစ်ပါတယ်။

PrevPrevious“အစိုးရတရပ်အနေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်တွေကို ကျင့်သုံးရခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့အများပြည်သူလူမှုစီးပွားဘဝမြင့်မားလာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။”
Nextအာဏာသိမ်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရပ်ဖို့ တိုကျိုထိုင်းသံရုံးရှေ့ မြန်မာပြည်သူတွေ ဆန္ဒပြမယ်Next
Previous Post

“အစိုးရတရပ်အနေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်တွေကို ကျင့်သုံးရခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့အများပြည်သူလူမှုစီးပွားဘဝမြင့်မားလာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။”

Next Post

အာဏာသိမ်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရပ်ဖို့ တိုကျိုထိုင်းသံရုံးရှေ့ မြန်မာပြည်သူတွေ ဆန္ဒပြမယ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“အစိုးရတရပ်အနေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်တွေကို ကျင့်သုံးရခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့အများပြည်သူလူမှုစီးပွားဘဝမြင့်မားလာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။”

September 1, 2026

အာရက္ခလောင်ပေါ် အမြင့်ဆုံးဆု ကျပ်သိန်းတထောင်တိုးမြှင့်

September 1, 2026

အာရက္ခလောင်ပေါ် တတိယအကြိမ် ဆုကြီး ၃ ဆု ပေါက်မဲဂဏန်းတွေထွက်ရှိ

September 1, 2026

အာရက္ခလောင်ပေါ် တတိယအကြိမ်မြောက် သိန်း ၇၅၀ ဆုပေါက်မဲထွက်

September 1, 2026

အာဏာသိမ်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရပ်ဖို့ တိုကျိုထိုင်းသံရုံးရှေ့ မြန်မာပြည်သူတွေ ဆန္ဒပြမယ်

အာရက္ခဒေသက ဆယ်ကျော်သက်မိန်းကလေးငယ်တွေ ဘာကြောင့်အိမ်ထောင်ပြုနေကြတာလဲ

“အစိုးရတရပ်အနေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်တွေကို ကျင့်သုံးရခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့အများပြည်သူလူမှုစီးပွားဘဝမြင့်မားလာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။”

ရေဘေးသင့်သူနှစ်ရာ့ကိုးဆယ်ကျော်ကို နီပေါတပ်မတော်ကယ်ဆယ်နိုင်ခဲ့

အာရက္ခလောင်ပေါ် အမြင့်ဆုံးဆု ကျပ်သိန်းတထောင်တိုးမြှင့်

နီပေါမှာ လမ်းပိုင်းပျက်စီးလို့ ကယ်ဆယ်ရေးယာဉ်တန်းတွေပိတ်မိနေ

Releated Post

ဓာတ်ပုံ - NUG Support Team Japan

အာဏာသိမ်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုရပ်ဖို့ တိုကျိုထိုင်းသံရုံးရှေ့ မြန်မာပြည်သူတွေ ဆန္ဒပြမယ်

September 1, 2026

အာရက္ခဒေသက ဆယ်ကျော်သက်မိန်းကလေးငယ်တွေ ဘာကြောင့်အိမ်ထောင်ပြုနေကြတာလဲ

September 1, 2026

“အစိုးရတရပ်အနေနဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေအဖြစ် ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်တွေကို ကျင့်သုံးရခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့အများပြည်သူလူမှုစီးပွားဘဝမြင့်မားလာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။”

September 1, 2026
ဓာတ်ပုံ - နီပေါတပ်မတော်

ရေဘေးသင့်သူနှစ်ရာ့ကိုးဆယ်ကျော်ကို နီပေါတပ်မတော်ကယ်ဆယ်နိုင်ခဲ့

September 1, 2026

အာရက္ခလောင်ပေါ် အမြင့်ဆုံးဆု ကျပ်သိန်းတထောင်တိုးမြှင့်

September 1, 2026
ဓာတ်ပုံ - News Agency Nepal

နီပေါမှာ လမ်းပိုင်းပျက်စီးလို့ ကယ်ဆယ်ရေးယာဉ်တန်းတွေပိတ်မိနေ

September 1, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page