Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်က ဖမ်းခံထားရသူတဆယ့်ခုနှစ်ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုတွေတောင်းဆို

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၄။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်က ဖမ်းဆီးခံထားရသူတဆယ့်ခုနှစ်ဦးကို ပြန်လွှတ်ပေးကြဖို့ မိသားစုတွေတောင်းဆိုနေကြပါတယ်။

အဲဒီလူငယ်တွေဟာ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး နေအိမ်တွေ၊လမ်းတွေက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေက အတ ည်ပြုပြောကြပါတယ်။

အဲဒီအထဲက ကျောင်းသား၊ကျောင်းသူတွေ၊အမျိုးသမီးတွေ၊ဒီလပ်တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးပေမယ့်လူငယ်တဆယ့်ခုနှစ်ဦးကို ပြန်လွှတ်မပေးသေးဘူးလို့ မိသားစုဝင်တွေကဆိုကြပါတယ်။

“တခြားသူတွေကို ပြန်လွှတ်ပေးသလို ကျန်တဲ့တဆယ့်ခုနှစ်ဦးကိုလည်း ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ အဲဒီအထဲမှာလေးဆယ်ငါးရက်သင်တန်းဆင်းတွေလည်းပါပါတယ်။ မိသားစုဝင်တွေအဆက်အသွယ်မရပါဘူး။ စစ်သင်တန်းကျောင်းမှာတွေ့တယ်လို့တချို့ပြောကြပါတယ်။”လို့ ကျောက်တော်မြို့မှ မိသားစုဝင်တဦးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ပိုက်သည်ရပ်ကွက်က မောင်အောင်မျိုးလွင်၊ မောင်အောင်မျိုးဆက်၊မောင်ထွန်းဝေ၊ မောင်မောင်ချေ၊ မောင်မောင်ကြီး၊ မောင်ကိုနိုင်ချေ၊ မောင်ငြိမ်းချမ်း၊ မောင်ကျော်စိုးမင်း၊ မောင်ကျော်နိုင်သန်း၊ မောင်မျိုးမြင့်အောင်၊ မောင်စိုးမြတ်ထွန်း၊ မောင်ကျော်နိုင်သန်းနဲ့ ကျောက်တော်မြို့ ၊မြို့သစ်ရပ်ကွက်က မောင်ကျော်စိုးမင်း၊ မောင်မျိုးမြင့်အောင်၊ မောင်စိုးမြတ်ထွန်း၊မောင်ဖြိုးအေးဇော်နဲ့ မောင်ရွှေအေး(ခေါ်)သားဘုသျှေဟာ ULA/AA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မိသားစုဝင်တွေနဲ့အဆက်အသွယ်မရကြဘူးလို့ ဆိုကြပါတယ်။

အဲဒီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကို အသနားခံတိုင်ကြားစာတွေပို့ပေမယ့်လက်မခံကြသလို လက်ရှိရောက်ရှိနေတဲ့နေရာ၊ လက်ရှိအခြေအနေတွေကို စုံစမ်းမေးမြန်းလို့မရကြတာမို့ စက်တင်ဘာလ ၃ ရက်၊ မနေ့က မိသားစုဝင်တွေ သတင်းစာရှင်းလင်းပွဲလုပ်တောင်းဆိုခဲ့ကြပါတယ်။

အဲဒီကျောက်တော်မြို့နယ်ထဲက ဒီလပ်တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်ဖောက်ကားမှုတွေနဲ့ အမျိုးသား၊အမျိုးသမီးခုနှစ်ဆယ်ခုနှစ်ဦးကို ဇူလိုင်လက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲက ကျောင်းသားလူငယ်တဆယ့်ကိုးဦးကို သြဂုတ်လ ၁၁ ရက်နေ့မှာ မိသားစုတွေဆီ တရားဝင်ပြန်အပ်ပေးခဲ့သလို နောက်ထပ်ပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်။

“တာဝန်ရှိသူတွေကိုပြောချင်တာက ကျမတို့ကလေးတွေကိုသက်ညှာမှုနဲ့ပြန်လွတ်ပေးစေချင်ပါတယ်။ လူကြီးတွေကိုအသနားခံပြီး ကျမတို့ရဲ့သားသမီးတွေကိုပြန်လွတ်ပေးစေကြောင်းတင်ပြစေချင်ပါတယ်။ လွတ်သွားတဲ့ကလေးတွေလိုမျိုးတန်းတူတန်းမျှ ကျမတို့ရဲ့သားသမီးတွေကို ပြန်လွတ်စေချင်တဲ့ဆန္ဒတခုပါပဲ။” လို့ ကျောက်တော်မြို့မှမိသားစုဝင်တဦးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အဲဒီလူငယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတာမို့ တစုံတရာကျူးလွန်ထားတာတွေပေါ်ပေါက်ရင်ဥပဒေအတိုင်းသာအပြစ်ပေးအရေးယူစေချင်းပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေ မလုပ်စေချင်ဘူးလို့ မိသားစုဝင်တွေကဆိုကြပါတယ်။

အဲဒီလူငယ်တွေကို အတင်းအဓမ္မစစ်သင်တန်းတက်ခိုင်းထားတာမို့ စစ်သင်တန်းမှာတွေ့ရတယ်လို့ မြင်တွေ့ကြရသူတွေက မိသားစုဝင်တွေကိုပြောတယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အရပ်သားလူငယ်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အကြောင်းအမျိုးမျိုးပြပြီး အတင်းအဓမ္မဖမ်းဆီးစစ်သင်တန်းတက်ခိုင်းနေတယ်လို့ ပြည်သူတွေပြောဆိုဝေဖန်နေကြပါတယ်။

PrevPreviousအာရက္ခဒေသမှာ အာဏာသိမ်းစစ်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ့်ခုနှစ်ဦး သေဆုံး
Nextပတ္တယားမှာ ရန်ဖြစ်တဲ့အမေရိကန်စစ်သားနှစ်ဦး သင်္ဘောပေါ်မှာ အကျဉ်းချခံရNext
Previous Post

အာရက္ခဒေသမှာ အာဏာသိမ်းစစ်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ့်ခုနှစ်ဦး သေဆုံး

Next Post

ပတ္တယားမှာ ရန်ဖြစ်တဲ့အမေရိကန်စစ်သားနှစ်ဦး သင်္ဘောပေါ်မှာ အကျဉ်းချခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ချားစ်ဘုရင်ပေးပို့တဲ့စာအုပ်နဲ့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်

October 19, 2026
ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ကျိုင်းတုံမှာ ငွေကျပ်သိန်းငါးဆယ်တန်စိတ်ကြွဆေးပြားတသောင်း ဖမ်းမိ

October 19, 2026
​ဓာတ်ပုံ - USCC

သတင်းတု၊သတင်းမှားနဲ့ အမုန်းစကားတွေတိုက်ဖျက်ဖို့ USCC နဲ့ ချင်းမီဒီယာဆယ်ဖွဲ့လက်တွဲ

October 19, 2026

ချောင်းဆုံကုန်ဆိပ်ကို အာဏာသိမ်းစစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်

October 19, 2026

ကျိုင်းတုံမှာ ငွေကျပ်သိန်းငါးဆယ်တန်စိတ်ကြွဆေးပြားတသောင်း ဖမ်းမိ

သတင်းတု၊သတင်းမှားနဲ့ အမုန်းစကားတွေတိုက်ဖျက်ဖို့ USCC နဲ့ ချင်းမီဒီယာဆယ်ဖွဲ့လက်တွဲ

ချောင်းဆုံကုန်ဆိပ်ကို အာဏာသိမ်းစစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်

နောင်ချိုမှာ ငွေကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

ထိုင်းမှာ ဘတ်သန်းကိုးဆယ်ကျော်တန်ဖိုးရှိ အိုင်စ်နှစ်ရာကျော်နဲ့ လူငါးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

မတ္တရာမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

Releated Post

ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ကျိုင်းတုံမှာ ငွေကျပ်သိန်းငါးဆယ်တန်စိတ်ကြွဆေးပြားတသောင်း ဖမ်းမိ

October 19, 2026
​ဓာတ်ပုံ - USCC

သတင်းတု၊သတင်းမှားနဲ့ အမုန်းစကားတွေတိုက်ဖျက်ဖို့ USCC နဲ့ ချင်းမီဒီယာဆယ်ဖွဲ့လက်တွဲ

October 19, 2026

ချောင်းဆုံကုန်ဆိပ်ကို အာဏာသိမ်းစစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်

October 19, 2026
​ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

နောင်ချိုမှာ ငွေကျပ်သုံးဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိ

October 19, 2026
​ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့

ထိုင်းမှာ ဘတ်သန်းကိုးဆယ်ကျော်တန်ဖိုးရှိ အိုင်စ်နှစ်ရာကျော်နဲ့ လူငါးဦးဖမ်းခံရ (ဓာတ်ပုံသတင်း)

October 19, 2026
ဓာတ်ပုံ - မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မတ္တရာမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေဆုံး

October 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page