Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်က ဖမ်းခံထားရသူတဆယ့်ခုနှစ်ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုတွေတောင်းဆို

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၄။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်က ဖမ်းဆီးခံထားရသူတဆယ့်ခုနှစ်ဦးကို ပြန်လွှတ်ပေးကြဖို့ မိသားစုတွေတောင်းဆိုနေကြပါတယ်။

အဲဒီလူငယ်တွေဟာ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး နေအိမ်တွေ၊လမ်းတွေက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေက အတ ည်ပြုပြောကြပါတယ်။

အဲဒီအထဲက ကျောင်းသား၊ကျောင်းသူတွေ၊အမျိုးသမီးတွေ၊ဒီလပ်တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးပေမယ့်လူငယ်တဆယ့်ခုနှစ်ဦးကို ပြန်လွှတ်မပေးသေးဘူးလို့ မိသားစုဝင်တွေကဆိုကြပါတယ်။

“တခြားသူတွေကို ပြန်လွှတ်ပေးသလို ကျန်တဲ့တဆယ့်ခုနှစ်ဦးကိုလည်း ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ အဲဒီအထဲမှာလေးဆယ်ငါးရက်သင်တန်းဆင်းတွေလည်းပါပါတယ်။ မိသားစုဝင်တွေအဆက်အသွယ်မရပါဘူး။ စစ်သင်တန်းကျောင်းမှာတွေ့တယ်လို့တချို့ပြောကြပါတယ်။”လို့ ကျောက်တော်မြို့မှ မိသားစုဝင်တဦးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ပိုက်သည်ရပ်ကွက်က မောင်အောင်မျိုးလွင်၊ မောင်အောင်မျိုးဆက်၊မောင်ထွန်းဝေ၊ မောင်မောင်ချေ၊ မောင်မောင်ကြီး၊ မောင်ကိုနိုင်ချေ၊ မောင်ငြိမ်းချမ်း၊ မောင်ကျော်စိုးမင်း၊ မောင်ကျော်နိုင်သန်း၊ မောင်မျိုးမြင့်အောင်၊ မောင်စိုးမြတ်ထွန်း၊ မောင်ကျော်နိုင်သန်းနဲ့ ကျောက်တော်မြို့ ၊မြို့သစ်ရပ်ကွက်က မောင်ကျော်စိုးမင်း၊ မောင်မျိုးမြင့်အောင်၊ မောင်စိုးမြတ်ထွန်း၊မောင်ဖြိုးအေးဇော်နဲ့ မောင်ရွှေအေး(ခေါ်)သားဘုသျှေဟာ ULA/AA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မိသားစုဝင်တွေနဲ့အဆက်အသွယ်မရကြဘူးလို့ ဆိုကြပါတယ်။

အဲဒီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကို အသနားခံတိုင်ကြားစာတွေပို့ပေမယ့်လက်မခံကြသလို လက်ရှိရောက်ရှိနေတဲ့နေရာ၊ လက်ရှိအခြေအနေတွေကို စုံစမ်းမေးမြန်းလို့မရကြတာမို့ စက်တင်ဘာလ ၃ ရက်၊ မနေ့က မိသားစုဝင်တွေ သတင်းစာရှင်းလင်းပွဲလုပ်တောင်းဆိုခဲ့ကြပါတယ်။

အဲဒီကျောက်တော်မြို့နယ်ထဲက ဒီလပ်တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်ဖောက်ကားမှုတွေနဲ့ အမျိုးသား၊အမျိုးသမီးခုနှစ်ဆယ်ခုနှစ်ဦးကို ဇူလိုင်လက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲက ကျောင်းသားလူငယ်တဆယ့်ကိုးဦးကို သြဂုတ်လ ၁၁ ရက်နေ့မှာ မိသားစုတွေဆီ တရားဝင်ပြန်အပ်ပေးခဲ့သလို နောက်ထပ်ပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်။

“တာဝန်ရှိသူတွေကိုပြောချင်တာက ကျမတို့ကလေးတွေကိုသက်ညှာမှုနဲ့ပြန်လွတ်ပေးစေချင်ပါတယ်။ လူကြီးတွေကိုအသနားခံပြီး ကျမတို့ရဲ့သားသမီးတွေကိုပြန်လွတ်ပေးစေကြောင်းတင်ပြစေချင်ပါတယ်။ လွတ်သွားတဲ့ကလေးတွေလိုမျိုးတန်းတူတန်းမျှ ကျမတို့ရဲ့သားသမီးတွေကို ပြန်လွတ်စေချင်တဲ့ဆန္ဒတခုပါပဲ။” လို့ ကျောက်တော်မြို့မှမိသားစုဝင်တဦးက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အဲဒီလူငယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတာမို့ တစုံတရာကျူးလွန်ထားတာတွေပေါ်ပေါက်ရင်ဥပဒေအတိုင်းသာအပြစ်ပေးအရေးယူစေချင်းပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေ မလုပ်စေချင်ဘူးလို့ မိသားစုဝင်တွေကဆိုကြပါတယ်။

အဲဒီလူငယ်တွေကို အတင်းအဓမ္မစစ်သင်တန်းတက်ခိုင်းထားတာမို့ စစ်သင်တန်းမှာတွေ့ရတယ်လို့ မြင်တွေ့ကြရသူတွေက မိသားစုဝင်တွေကိုပြောတယ်လို့ ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အရပ်သားလူငယ်တွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က အကြောင်းအမျိုးမျိုးပြပြီး အတင်းအဓမ္မဖမ်းဆီးစစ်သင်တန်းတက်ခိုင်းနေတယ်လို့ ပြည်သူတွေပြောဆိုဝေဖန်နေကြပါတယ်။

PrevPreviousအာရက္ခဒေသမှာ အာဏာသိမ်းစစ်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ့်ခုနှစ်ဦး သေဆုံး
Nextပတ္တယားမှာ ရန်ဖြစ်တဲ့အမေရိကန်စစ်သားနှစ်ဦး သင်္ဘောပေါ်မှာ အကျဉ်းချခံရNext
Previous Post

အာရက္ခဒေသမှာ အာဏာသိမ်းစစ်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ့်ခုနှစ်ဦး သေဆုံး

Next Post

ပတ္တယားမှာ ရန်ဖြစ်တဲ့အမေရိကန်စစ်သားနှစ်ဦး သင်္ဘောပေါ်မှာ အကျဉ်းချခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ဂွမြို့နယ်၊ကိုင်းခုံကျေးရွာနဲ့ကျိန္တလီမြို့ကို သြဂုတ်လ ၁၄ ရက်နေ့က စစ်တပ်လေကြောင်းတိုက်ခိုက်လို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေ(အာရက္ခတပ်တော်)

အာရက္ခဒေသမှာ အာဏာသိမ်းစစ်တပ်ကြောင့် တလအတွင်းအမျိုးသမီးဆယ့်ခုနှစ်ဦး သေဆုံး

September 4, 2026
ဓာတ်ပုံ - PLF

PLF တပ်ရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

September 4, 2026

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

September 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

September 4, 2026

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

နီပေါ ရေအားလျှပ်စစ်ဧရိယာမှာ ပိတ်မိသူနှစ်ဦးကိုကယ်နိုင်ခဲ့

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

ဖာန်းမြို့နယ်မှာ မူးယစ်ကွန်ရက်ရဲ့ဘတ်လေးသန်းကျော်တန်ဖိုးရှိ မြေတွေကိုသိမ်းဆည်း

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

Releated Post

နီပေါရေကြီးမှုအတွက် တရုတ်၊အမေရိကန်နဲ့ အိန္ဒိယဆီမှ လျော်ကြေးတောင်း

September 4, 2026
​ဓာတ်ပုံ - နီပေါတပ်မတော်

နီပေါ ရေအားလျှပ်စစ်ဧရိယာမှာ ပိတ်မိသူနှစ်ဦးကိုကယ်နိုင်ခဲ့

September 4, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင်ဗီယက်နမ်သို့ သွား

September 4, 2026
​ဓာတ်ပုံ - สำนักงาน ป.ป.ส. - ONCB

ဖာန်းမြို့နယ်မှာ မူးယစ်ကွန်ရက်ရဲ့ဘတ်လေးသန်းကျော်တန်ဖိုးရှိ မြေတွေကိုသိမ်းဆည်း

September 4, 2026

မီဇိုရမ်မှာ ဆယ့်တဋေကျော်တန်မူးယစ်ဆေးတွေနဲ့ မြန်မာနိုင်ငံသားတဦးဖမ်းမိ

September 4, 2026

“​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနအနေနဲ့ သက်ငယ်မုဒိမ်းကာကွယ်တားဆီးရေး၊ပပျောက်ရေးနဲ့လျော့ကျရေးကို အထူးအလေးထားဆောင်ရွက်နေပါတယ်။”

September 3, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page