Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ရေး နိုင်ငံရေး ရသေ့တောင်မြို့နယ် သတင်း အာရက္ခဒေသ

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
28
VIEWS
Share on FacebookShare on Twitter

Border News Agency
ရသေ့တောင်၊ စက်တင်ဘာ ၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊အငူမော်ကို အာဏာသိမ်းစစ်တပ် ကမ်းတက်ဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

အဲဒီရသေ့တောင်မြို့နယ်၊အငူမော်ကို အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်လမ်းရှင်းပြီး ကမ်းတက်ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေတာလို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီရသေ့တောင်မြို့နယ်၊အငူမော်ကို စက်တင်ဘာလ ၄ ရက်နေ့က အာဏာသိမ်းစစ်တပ် ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်တာမို့ ကျေးရွာအတွင်းကျရောက်တာတွေရှိခဲ့ပြီး ဒေသခံတွေဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ဆိုကြပါတယ်။

“နေဗီတွေက လက်နက်ကြီးတွေတအားပစ်ပါတယ်။ စစ်တွေကလည်းတအားပစ်ပါတယ်။လက်နက်ကြီးတွေရွာထဲမှာကျပါတယ်။ ရွာသားတွေကတော့ထွက်ပြေးတိမ်းရှောင်သွားကြပါပြီ။စစ်တပ်ကအငူမော်ကို ပြန်ကမ်းတက်ဖို့ကြိုးစားနေတာပါ။ စစ်တပ်ကကမ်းပေါ်ခြေကုပ်ရသွားရင်တော့ မယူကမ်းတကမ်းလုံးမလွယ်ပါဘူး။”လို့ အငူမော်ရွာသားတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီရသေ့တောင်မြို့နယ်၊မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီးရွာကြားကို စက်တင်ဘာလ ၃ ရက်နေ့၊နေ့လယ် ၁ နာ ရီ ၃၅ မိနစ်ခန့်မှစတင်ပြီး အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်လေးစီးဟာ မိနစ်သုံးဆယ်အတွင်းအကြိမ်သုံးဆယ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီရသေ့တောင်မြို့နယ်အပါအဝင် စစ်တွေမြို့နယ်အစပ်နေရာတွေကို စက်တင်ဘာလ ၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က ကြည်းရေလေပူးပေါင်းပစ်ခတ်တာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

အဲဒါဟာ အာဏာသိမ်းစစ်တပ်က ကြည်း ရေ လေပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ကြိုးစားနေတာလို့ ဒေသခံတွေကဆိုကြပါတယ်။

“စစ်တပ်ကအရင်မပစ်ခဲ့တဲ့နေရာတွေကိုလည်း အပြင်းအထန်ပစ်ခတ်နေပါတယ်။ အသံတွေကမနားတမ်းကြားနေရပါတယ်။ ကမ္ဘာပြိုသလိုပါပဲ။ နေရာစုံကပစ်နေတာပါ။ တိုက်လေယာဥ်တွေနဲ့လည်း လာကြဲပါတယ်။ မြေတွေတောင်တုန်ခါသွားပါတယ်။ စစ်တပ်ကပြန်ထိုးစစ်ဆင်ဖို့တိုက်နေတာထင်ပါတယ်။”လို့ ရသေ့တောင်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်တွေမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းခုနှစ်နေရာက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ပေးသလို စစ်သင်္ဘောတွေကလည်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်တပ်တင့်ကားနှစ်စီးကလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီလို အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအပြင်းအထန်ယူပြီး ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာဟာတန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ဦးချိုးနေတာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတချို့ထိရောက်မှုရှိနေတယ်လို့ စစ်ရေး​စောင့်ကြည့်လေ့လာနေကြသူတွေကဆို​ကြပါတယ်။

အဲဒီစစ်တွေမြို့ပတ်ပတ်လည်နေရာတွေကို ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာတွေဟာ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်နေသလိုဖြစ်ပြီး မောင်တောမြို့ပေါ်ထိ ကြားနေကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။

“မောင်တောတောင်ပိုင်း၊အငူမော်ဖက်ကပစ်ခတ်သံတွေကို အပြင်းထန်ဆုံးကြားနေရပါတယ်။ လေယာဥ်လာသံတွေ၊ဗုံးချသံတွေကို အကျယ်ကြီးကြားနေရပါတယ်။ မြေတွေတောင်တုန်ခါသွားပါတယ်။ မနက်အာရုံတက်ချိန်ထိကြားနေရပါတယ်။ တညလုံးတိုက်နေကြသလိုပါ။”လို့ မောင်တောမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီရသေ့တောင်မြို့နယ်၊အငူမော်၊မယူကမ်းအပြင် မိုးစဲကမ်းကိုလည်း ကမ်းတက်ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေတာမို့ ကမ်းအနီးအနားရှိကျေးရွာတွေအရေးပေါ်ပြောင်းနေကြရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ကမ်းခြေ၊ချောင်းကမ်းနံဘေးအပါအဝင် မြို့တွေ၊ရွာတွေမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အသိပေးတိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရသေ့တောင်၊သံတွဲ၊ဂွစတဲ့မြို့နယ်တွေကိုလည်း ကမ်းတက်စစ်ဆင်ရေးတွေလုပ်ပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကဆိုကြပါတယ်။

PrevPreviousပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ
Nextအသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်Next
Previous Post

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

Next Post

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

Releated Post

​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026
(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

September 5, 2026

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page