Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊စက်တင်ဘာ ၅။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေကို အာဏာသိမ်းစစ်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပစ်ခတ်လမ်းရှင်းပြီး ကမ်းတက်ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေတာလို့ ဆိုကြပါတယ်။

“စစ်တပ်ကကြည်းရေလေသုံးပြီးအပြ င်းအထန်ပစ်ခတ်နေပါတယ်။ပြီးရင် မင်းချောင်းတံတားကဆင်းပြီးပုဏ္ဏားကျွန်းမှာခြေကုပ်ယူဖို့ကြိုးစားနေတာပါ။ရှေ့တိုးဖို့ကြိုးစားနေပေမယ့်မင်းချောင်းတံတားအောက်မှာပါ။”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက BorderNews Agency ကို ပြောပါတယ်။

အဲဒီပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် သုံးမြို့အစပ်ကြားရှိ ကျေးရွာတွေကို စက်တင်ဘာလ ၃ ရက်နေ့၊နေ့လယ် ၁ နာ ရီ ၃၅ မိနစ်ခန့်မှစတင်ပြီးအာဏာသိမ်းစစ်တပ်တိုက်လေယာဉ်လေးစီးဟာ မိနစ်သုံးဆယ်အတွင်းအကြိမ်သုံးဆယ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်၊ကုန်းတန်းကြိမ်ချောင်း၊မက္ကလာကျညိုရောင်၊မင်းလှစတဲ့ကျေးရွာကြားကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက် ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်၊မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ညောင်ပင်ကြီးရွာကြားကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်စတဲ့မြို့နယ်တွေကို စက်တင်ဘာလ ၄ ရက်နေ့၊မနက် ၁၀ နာရီအချိန်က အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးတွေ
ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒါဟာ အာဏာသိမ်းစစ်တပ်က ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ကြိုးစားနေတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

“တပ်တော်ဖက်ကကြားဖြတ်တိုက်ခိုက်နိုင်မယ့်နေရာတွေကို လေကြောင်းကလာပစ်ပါတယ်။နောက်ပြီးလက်နက်ကြီးအထိုင်နေရာတွေကိုပစ်ပြီး လမ်း ကြောင်းရှင်းပါတယ်။ပြီးရင် နေဗီတွေကအနီးကပ်ပစ်ခတ်ပေးနေပါတယ်။နောက်မှတင့်ကားတွေရှေ့ကကားပစ်ပြီး ခြေကုပ်ယူဖို့ကြိုးစားလာတာပါ။” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်တွေမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းခုနှစ်နေရာက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ပေးသလို စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်တပ်တင့်ကားနှစ်စီးကလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီလိုအာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအပြင်းအထန်ယူပြီး ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာဟာတန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ဦးချိုးနေတာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတချို့ထိရောက်မှုရှိနေတယ်လို့ စစ်ရေး​စောင့်ကြည့်လေ့လာနေကြသူတွေက ဆို​ကြပါတယ်။

“စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတ ချို့မှာအေအေဖက်ကအထိနာတာတွေကိုသတိထားမိပါတယ်။အဲဒီလိုအကြိမ်ကြိမ်လုပ်ပြီး အေအေအင်အားတွေလျော့အောင်စစ်တပ်ကလုပ်နေတာပါ။ခုတော့ စစ်တပ်ကကြည်းရေလေပေါင်းပြီးတန်ပြန်ထိုးစစ်ဆင်ဖို့ထိကြိုးစားလာတာကို သတိထားမိပါတယ်။ တကယ်တန်ပြန်ထိုးစစ်ဆင်နိုင်မလားဆိုတာကိုစောင့်ကြည့်ရပါမယ်။”လို့ စစ်ရေး​စောင့်ကြည့်လေ့လာနေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို မင်းချောင်းတံတားကဆင်းပြီး ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေသလို ရေလမ်းအတိုင်းက မ်းတက်အထိုင်ချဖို့လည်း ကြိုးစားနေပြီး အနီးအနားရှိကျေးရွာတွေအရေးပေါ်ပြောင်းနေကြရတယ်လို့ မြေပြင်စစ်
ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒါကြောင့် ကမ်းခြေ၊ချောင်းကမ်းနံ ဘေးအပါအဝင် မြို့တွေ၊ရွာတွေမှာ အာ ဏာသိမ်းစစ်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အသိပီးတိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရသေ့တောင်၊သံတွဲ၊ဂွစတဲ့မြို့နယ်တွေကိုလည်း ကမ်းတက်စစ်ဆင်ရေးတွေလုပ်ပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

PrevPreviousစစ်တွေမြို့ပတ်ပတ်လည်မှာ ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်နေ
Nextရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေNext
Previous Post

စစ်တွေမြို့ပတ်ပတ်လည်မှာ ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်နေ

Next Post

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026
​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

Releated Post

​ဓာတ်ပုံ - RAB-15

ကော့ဘဇားမှာ ARSA အဖွဲ့ဝင်တဦးကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ဖမ်းဆီး

September 5, 2026
​ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဗီယက်နမ်သမ္မတ မစ္စတာတိုလန်းနဲ့တွေ့ဆုံ

September 5, 2026
​ဓာတ်ပုံ - ကံမမြို့နယ် ပကဖ

ကံမမြို့နယ် ပကဖ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲ

September 5, 2026
​ဓာတ်ပုံ - One Nation News

အသက်မပြည့်သေးတဲ့ လူငယ်တဦးကို အာရက္ခတပ်တော်က မိဘတွေဆီပြန်အပ်

September 5, 2026
(ဓာတ်ပုံ - ရသေ့တောင်မြို့နယ်၊အငူမော်ရွာအနီး စက်တင်ဘာလ ၄ ရက်နေ့ကကျရောက်လာတဲ့လက်နက်ကြီးကျည်/ပေးပို့)

ရသေ့တောင်မြို့နယ် အငူမော်ကို စစ်တပ်ကမ်းတက်ဖို့ ကြိုးစားနေ

September 5, 2026

ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်ခြေကုပ်ယူဖို့ ကြိုးစားနေ

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page