Border News Agency
စစ်တွေ၊ စက်တင်ဘာ ၅။
အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တွေမြို့နယ်ပတ်ပတ်လည်မှာ စက်တင်ဘာလ ၄ ရက်နေ့ညမှစတင်ပြီး စက်တင်ဘာလ ၅ ရက်နေ့၊အာရုံတက်ချိန်ထိ ညလုံးပေါက်ပစ်ခတ်တိုက်ခိုက်မှုတွေပြင်းထန်နေတယ်လို့ ဒေသခံတွေကအတည်ပြုပြောကြပါတယ်။
အဲဒီစစ်တွေမြို့နယ်ပတ်ပတ်လည် ရသေ့တောင်မြို့နယ်၊အငူမော်၊မိုးစဲကမ်းဖက်မှာ လက်နက်ကြီးတွေ၊တိုက်လေယာဥ်တွေ ပစ်ခတ်သံတွေကို ကမ္ဘာပျက်မတက်ညလုံးပေါက်ကြားနေရတယ်လို့ မောင်တောဒေသခံတွေကဆိုကြပါတယ်။
“လက်နက်ကြီးပစ်သံတွေကြားနေရတာစက္ကန်ပိုင်သာခြားပါတယ်။ပစ်နေကြတာကတော့ ကမ္ဘပျက်မတက်ကြားနေရပါတယ်။လေယာဥ်လာသံတွေ၊ဗုံးချသံတွေကို အကျယ်ကြီးကြားနေရပါတယ်။ညလုံးပေါက်ပစ်နေကြတာပါ။ခဏလေးရပ်သွားရင်လည်း ပြန်ပစ်နေကြတာပါ။မောင်တောာင်ပိုင်းကအကျ ယ်ကြီးကြားနေရပါတယ်။”လို့ မောင်တောဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊အငူမော်ကိုစက်တင်ဘာလ ၄ ရက်နေ့က အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်တာမို့ ကျေးရွာအ တွင်းကျရောက်တာတွေရှိခဲ့ပြီး ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ညောင်ပင်ကြီးရွာကြားကို စက်တင်ဘာလ ၃ ရက်နေ့၊နေ့ လယ် ၁ နာရီ ၃၅ မိနစ်ခန့်မှစတင်ပြီး အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်လေးစီးဟာ မိနစ်သုံးဆယ်အတွင်းအကြိမ်သုံးဆယ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီရသေ့တောင်မြို့နယ်အပါအဝင် စစ်တွေမြို့နယ်အစပ်နေရာတွေကို စက်တင်ဘာလ ၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က ကြည်းရေလေပူးပေါင်းပစ်ခတ်တာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒါဟာ အာဏာသိမ်းစစ်တပ်က ကြည်းရေလေပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ကြိုးစားနေတာလို့ ဒေသခံတွေကဆိုကြပါတယ်။
“စစ်တပ်က အရင်မပစ်ခဲ့တဲ့နေရာတွေကိုလည်း အပြင်းအထန်ပစ်ခတ်နေပါတယ်။အသံတွေကမနားတမ်းကြားနေရပါတယ်။ကမ္ဘာပြိုသလိုပါပဲ။နေရာစုံကပစ်နေတာပါ။တိုက်လေယာဥ်တွေနဲ့လည်း လာကြဲပါတယ်။မြေတွေတောင်တုန်ခါသွားပါတယ်။စစ်တပ်ကပြန်ထိုးစစ်ဆင်ဖို့တိုက်နေတာထင်ပါတယ်။”လို့ရသေ့တောင်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်တွေမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းခုနှစ်နေရာက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ပေးသလို စစ်သင်္ဘောတွေကလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်တင့်ကားနှစ်စီးကလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီလို အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအပြင်းအထန်ယူပြီး ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာဟာ တန်ပြန်ထိုးစစ်ဆင်ဖို့စစ်ဦးချိုးနေတာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတချို့ထိရောက်မှုရှိနေတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့ပတ်ပတ်လည်နေရာတွေကို ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာတွေဟာ အပြင်းထန်ဆုံးတိုက်ပွဲတွေဖြစ်နေသလိုဖြစ်ပြီး မောင်တောမြို့ပေါ်ကထိ ကြားနေကြရတယ်လို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့်စစ်တွေမြို့နယ်အစပ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကကျေးရွာတွေဟာ အရေးပေါ်ပြောင်းနေကြရပြီး အာဏာသိမ်းစစ်တပ်ကအပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေကဆိုကြပါတယ်။
“ကွမ်းတောင်ဖက်ကပစ်ခတ်သံတွေကိုအကျယ်ကြီးကြားရပါတယ်။ တိုက်လေယာဥ်တွေလာပစ်သံတွေကိုလည်းကြားနေရပါတယ်။ တပ်တော်က စစ်တွေကိုထိုးစစ်ဆင်နေတာမဟုတ်ပါဘူး။ စစ်တပ်ကပုဏ္ဏားကျွန်းကို ပြန်တိုက်နေတာလို့ပြောနေကြပါတယ်။ စစ်တွေအနီးအနားကရွာတွေကို တပ်တော်ကအရေးပေါ်ပြောင်းခိုင်းပါတယ်။ လော်စပီကာတွေနဲ့သတိပေးပါတယ်။”လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်သုံးမြို့အစပ်ကြားရှိ ကျေးရွာတွေကို စက်တင်ဘာလ ၃ ရက်နေ့၊နေ့လယ် ၁ နာ ရီ ၃၅ မိနစ်ခန့်မှစတင်ပြီး အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်လေးစီးဟာ မိနစ်သုံးဆယ်အတွင်းအကြိမ်သုံးဆယ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကွမ်းတောင်၊ကုန်းတန်း၊ကြိမ်ချောင်း၊မက္ကလာကျ၊ညိုရောင်၊မင်းလှစတဲ့ကျေးရွာကြားကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်၊မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ညောင်ပင်ကြီးရွာကြားကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထု တ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်စတဲ့မြို့နယ်တွေကို စက်တင်ဘာလ ၄ ရက်နေ့၊မနက် ၁၀ နာရီအချိန်က အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးတွေ
ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို မင်းချောင်းတံတားဆင်းပြီး ခြေကုပ်ယူပြန်သိမ်းဖို့ကြိုးစားနေသလို ရေလမ်းအတိုင်းကမ်းတက်အထိုင်ချဖို့လည်းကြိုးစားနေပြီး စစ်တွေမြို့နယ်အနီးအနားရှိ ပုဏ္ဏားကျွန်းမြို့နယ်မှကျေးရွာတွေအရေးပေါ်ပြောင်းနေကြရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒါကြောင့် ကမ်းခြေ၊ချောင်းကမ်းနံဘေးအပါအဝင် မြို့တွေ၊ရွာတွေမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေကို အထူးသတိထားကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အသိပေးတိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရသေ့တောင်၊သံတွဲ၊ဂွစတဲ့မြို့နယ်တွေကိုလည်း ကမ်းတက်စစ်ဆင်ရေးတွေလုပ်ပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။





