Border News Agency
မကွေး၊ စက်တင်ဘာ ၅။
မကွေးတိုင်း၊ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ကံမ ပကဖ ဟာအပတ်စဉ် ၃နဲ့ ၄စစ်သင်တန်းတွေကိုလည်း ပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့ မေလမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။
ခုလက်ရှိမှာတော့ သင်တန်းဆင်းရဲဘော်သစ်တွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ဖို့ စစ်ရေးအရ ပိုမိုပြင်ဆင်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။











