Border News Agency
မဏိပူရ၊စက်တင်ဘာ ၆။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စစ်ဆင်ရေးတွေပြုလုပ်ခဲ့ရာ လက်နက်တွေနဲ့အတူ တော်လှန်ရေးရဲဘော်သုံးဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီပူးပေါင်းအဖွဲ့ဟာ မဏိပူရပြည်နယ်၊ အင်ဖာအရှေ့ပိုင်းဒေသအတွင်း စက်တင်ဘာလ ၄ ရက်နေ့က ဝင်ရောက်ရှာဖွေရေးတွေပြုလုပ်ခဲ့ရာမှ သေနတ်ခြောက်လက်ကိုသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီပြင်ကီရှမ်ပတ်နဲ့ချာရမ်ပတ်ဒေသတွေက စစ်ဆင်ရေးတွေအတွင်းဆက်ကြေးကောက်ခံတဲ့ ကွန်ရက်မှာပါဝင်တယ်လို့ဆိုကာ ကန်းဂလီးပက် အမျိုးသားလွတ်မြောက်ရေးတပ်ဦး(UNLF (K) အဖွဲ့မှ တက်ကြွလှုပ်ရှားသူရဲဘော်သုံးဦးကိုဖမ်းဆီးခဲ့ပါတယ်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသအတွင်း ပြည်သူတွေရဲ့လုံခြုံရေးကို ကာကွယ်ဖို့နဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကွန်ရက်တွေကိုဖြိုခွင်းဖို့ ပူးပေါင်းစစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။







