Border News Agency
လောင်တလိုင်၊ အောက်တိုဘာ ၈။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ မြန်မာကို မှောင်ခိုတင်ပို့ဖို့စီစဉ်ထားတဲ့ကာလပေါက်ဈေး ရူပီနှစ်ကုဋေကျော်တန်ဖိုးရှိအရက် (Rum) ဖာတထောင့်နှစ်ရာကို လိုင်လူငယ်အသင်း ဗဟို (YLA )အဖွဲ့က ဖမ်းဆီးဖျက်ဆီးလိုက်ပါတယ်။
အဲဒီအရက်တွေကို အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး နောက်တရက်မှာဖျက်ဆီးခဲ့တာပါ။
အဲဒီအရက်ဖာတထောင့်နှစ်ရာရဲ့ သတ်မှတ်ကာလပေါက်ဈေးမှာ ရူပီးနှစ်ကုဋေရှစ်သိန်းကျော်ခန့်ရှိပြီး မြန်မာကိုတရားမဝင်ပို့ဖို့ပြင်ထားပေမယ့် သယ်ဆောင်သူနဲ့ ပိုင်ရှင်တွေကိုမဖမ်းမိသေးပါဘူး။
အဲဒီမီဇိုရမ်ပြည်နယ်မှာ အရက်ရောင်းဝယ်မှုနဲ့ သောက်သုံးမှုကို တားမြစ်ထားပေမယ့် ပြီးခဲ့တဲ့ ဇွန်လမှစပြီး ကျန်းမာရေးအရမဖြစ်မနေ သောက်သုံးဖို့လိုအပ်သူတွေကို ဆရာဝန်ဆေးစာထောက်ခံချက်နဲ့ အရက်ဝယ်ယူခွင့်ပါမစ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။






