Border News Agency
နယူးယောက်၊ အောက်တိုဘာ ၈။
မြန်မာနိုင်ငံမှာနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကြီးထွားလာရတာဟာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုနဲ့တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းမှုကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ပြုလုပ်တဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ နယ်ခြားစောင့်တပ် (BGF) တွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူကုန်ကူးမှုနဲ့ ဆိုက်ဘာလိမ်လည်မှုတွေမှာ အဓိက ပါဝင်ပတ်သက်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဟန်ပြ နှိမ်နင်းမှုတွေသာ လုပ်ဆောင်နေပြီး ခေါင်းဆောင်ပိုင်းက အမြတ်အစွန်း ရယူကာ ရာဇဝတ်သူတွေကို အကာအကွယ်ပေးထားတာကြောင့် နိုင်ငံတကာက အာဏာသိမ်းစစ်တပ်ကို အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
နယ်စပ်ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါးပပျောက်ဖို့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ရာဇဝတ်ကွန်ရက်တွေ ဖြိုခွဲရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ရမယ်လို့လည်းဆိုပါတယ်။






