Border News Agency
ထိုင်း၊ အောက်တိုဘာ ၈။
ထိုင်းနိုင်ငံ၊ရယောင်မြို့နယ်မှာ ကားတိုက်ခံရပြီးသေဆုံးခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးအတွက် နစ်နာကြေး ဘတ်တသန်းခွဲကို အောက်တိုဘာလ ၇ ရက်နေ့မှာရရှိခဲ့တယ်လို့အလုပ်သမားမဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူမှာစစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် မသီတာဝင်းဖြစ်ပါတယ်။
သူမဟာပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်၊ ညပိုင်းက မြန်မာအမျိုးသမီးနှစ်ဦးဈေးကအပြန် ဆိုင်က
ယ်မောင်းနှင်စဉ်ဆယ့်ရှစ်ဘီး မော်တော်ယာဉ်နဲ့တိုက်မိပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နစ်နာကြေးနဲ့ သေမှုသေခင်းဆိုင်ရာကိစ္စရပ်တွေအတွက် သေဆုံးသူ မသီတာဝင်းရဲ့ မိသားစုဝင်တွေက ဇူလိုင်လ ၃၀ ရက်နေ့မှာ အလုပ်သမားမဟာမိတ်အဖွဲ့ဆီအကူအညီ တောင်းခံခဲ့တာပါ။
မိသားစုဝင်တွေရဲ့ တိုင်ကြားချက်အရအလုပ်သမား မဟာမိတ်အဖွဲ့နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံး (ပကန်စခွန်) မှာ ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
အခုလိုသက်ဆိုင်ရာ ရုံးတွေဆီ စနစ်တကျသွားရောက်တိုင်ကြားပေးခဲ့တာကြောင့် အောက်တိုဘာလ ၇ ရက်နေ့မှာတော့ သေဆုံးသူရဲ့ မိသားစုဆီ နစ်နာကြေးဘတ်တသန်းခွဲ အပြည့်အဝရရှိခဲ့တာလည်း ဖြစ်ပါတယ်။






