Border News Agency
စစ်တွေ၊ အောက်တိုဘာ ၂၅။
အာရက္ခဒေသ၊ စစ်တွေခရိုင်မှ စစ်ဘေးရှောင်မျက်စိဝေဒနာရှင်တရာ့သုံးဆယ်ခြောက်ဦးကို စက်တင်ဘာလအတွင်းက အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မျက်စိအခမဲ့ခွဲစိတ်ကုသပေးခဲ့ပါတယ်။
စစ်တွေခရိုင်အတွင်းရှိ စစ်ရှောင်တွေထဲမှ မျက်စိဝေဒနာရှင်လူနာ ခြောက်ရာခုနှစ်ဆယ်ရှစ်ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိစမ်းသပ်ကိရိယာတွေနဲ့ စမ်းသပ်ကုသပီးခဲ့ပြီး အဲဒီထဲမှ မျက်စိခွဲစိတ်ဖို့လိုအပ်တဲ့ လူနာတရာ့သုံးဆယ်ခြောက်ဦးကို လေးသုတ်ခွဲကာကုသပေးခဲ့တာပါ။
အဲဒီခွဲစိတ်ကုသရာမှာ ပထမအနေနဲ့ အတွင်းတိမ်ရောဂါလေးဆယ်ရှစ်ဦး၊ မျက်သားတက်ရောဂါကိုးဦးနဲ့မျက်လုံးရဲ့ အတွင်းအစိတ်အပိုင်းထုတ်ယူခွဲစိတ်ကုမှုတဦး စုစုပေါင်း ငါးဆယ်ရှစ်ဦးကို ခွဲစိတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ အတွင်းတိမ်ရောဂါနှစ်ဆယ့်ကိုးဦး၊ တတိယအနေနဲ့အတွင်းတိမ်ရောဂါနှစ်ဆယ့်တဦးနဲ့ မျက်သားတက်ရောဂါတဦး၊ စတုတ္ထအနေနဲ့ အတွင်းတိမ်ရောဂါနှစ်ဆယ့်ခြောက်ဦး၊ မျက်သားတက်ရောဂါတဦး အခမဲ့ခွဲစိတ်ပေးးခဲ့ပါတယ်။
စစ်ဘေးရှောင်တွေအပါအဝင် မျက်စိလူနာတရာ့သုံးဆယ်ခြောက်ဦးကို အောင်မြင်စွာမျက်စိခွဲစိတ်ကုသမှုပြီပေးခဲ့ပြီး အဲဒီထဲမှ လူနာကိုးဆယ်ကိုးဦးအတွက် ပါဝါမျက်မှန်တွေအခမဲ့ပြုလုပ်ပေးခဲ့တာပါ။
မျက်စိအခမဲ့ခွဲစိတ်ကုသပေးရာမှာလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ စားစရိတ်၊ ဆေးဝါးစရိတ်အပြင် သွားလာစရိတ်တွေကိုပါ ထောက်ပံ့ပေးခဲ့ပေးပါတယ်။






