Border News Agency
ကျောက်ဖြူ၊ သြဂုတ် ၂၆။
ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာကို သြဂုတ်လ ၁၆ ရက်၊ဒီနေ့နေ့လည် ၁၂ နာရီကျော်အချိန်ခန့်ကစစ်ကော်မရှင်တ ပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
အဲဒီသပြုတောင်ရွာကို ကျောက်ဖြူမြို့နယ်အခြေစိုက်၊ အမှတ် ၅၄၃ ခြေမြန်တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာလို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီတပ်ရင်းဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ အမှတ် ၅ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်(AA)ကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က အင်အားဖြည့်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တင့်ကားတွေအ ပါအဝင် စစ်သည်၊လက်နက်အများအ ပြားသုံးပြီး ထိုးစစ်ဆင်နေသလို ကျေးရွာတချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဖြူးဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်ရှိအမှတ် ၃၂ရဲတပ်ရင်း၊ဓည၀တီရေတပ်ဌာနချုပ်၊ကု န်းတွင်းသဘာ၀ဓါတ်ငွေ့လက်ခံသို လှောင်ပို့ဆောင်ရုံ(OGT)၊လိပ်ခမော်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိကပ်သပြေ၊ပြားတဲကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန် လဆန်းကတည်းက တိုက်ပွဲတွေပြင်း ထန်နေခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က စစ်သည်၊ လက်နက်အင်အားဖြည့် တင်းတာတွေ မကြာခဏလုပ်နေခဲ့တာပါ။
ဒါပေမယ့်သြဂုတ်လဒုတိယအပတ်မှာစစ်သင်္ဘောတွေသုံးပြီး စစ်သည်အင် အားငါးရာခန့်အပြင် တင့်ကားတဆယ့်ငါးစီးလည်း ထပ်မံဖြည့်တင်းခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက် ဖြူမြို့နယ်ကလက်လွှတ်လိုက်ရတဲ့ တ ပ်စခန်းတွေ၊နေရာတွေကို စစ်ကော်မရှင်တပ်က ကြည်း၊ရေ၊လေပူးပေါင်းပြီးတန်ပြန်ထိုးစစ်ဆင်နေတာပါ။
ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်ဌာန ချုပ်သို့သွားတဲ့ ကားလမ်းတလျှောက်ရှိ ပြိုင်းစေ့ကေ၊မင်းတက်တောင်၊စက်မှုလက်မှုသင်တန်းကျောင်း၊ပြားတဲရွာ၊OGTအနီးရှိ လိပ်ခမော်ရွာကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။
ဒါပေမယ့် လိပ်ခမော်နဲ့ပြားတဲကို စစ်ကော်မရှင်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာမို့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ကျောက်ဖြူစစ်မျက်နှာမှာ စစ်တွေမြို့မှစစ်သည်အင်အားမကြာ ခဏဖြည့်တင်းပြီး စစ်မှုထမ်းသင်တန်း ဆင်းတပ်သားသစ်တွေကိုလည်း အ သုံးပြုနေသလို စစ်မှုထမ်းသင်တန်းဆ င်းတွေအများစုပါဝင်နေတယ်လို့ မြေပြ င်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရေတပ်စစ်သင်္ဘောကြီးတွေအများဆုံးသုံးပြီးတန်ပြန်ထိုးစစ်ဆင်နို င်ဖို့ကြိုးစားနေတယ်လို့ စစ်ကော်မရှင်တပ်က ဝါဒဖြန့်ရေးနေကြပါတယ်။
အာရက္ခပြည်တခုလုံးကို အာရက္ခတပ်တော်အလုံးစုံသိမ်းပိုက်ပြီး အာရက္ခပြ ည်သူတွေလက်ထဲပြန်ထည့်ပေးသွားမ ယ်လို့ အာရက္ခတပ်တော်က အာမခံထားပါတယ်။






