Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး နိုင်ငံရေး သတင်း အာရက္ခဒေသ

စစ်တွေမြို့မှာစစ်ဘေးရှောင်ခုနှစ်ထောင်ကျော်သာရှိတယ်လို့ စစ်ကော်မရှင်ဆို

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
5
VIEWS
Share on FacebookShare on Twitter

Border News Agency
စစ်တွေ၊ စက်တင်ဘာ ၇။

စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ စစ်ဘေးရှောင်ခုနှစ်ထောင်ကျော်သာရှိနေတယ်လို့ စက်တင်ဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်တဲ့စစ်ကော်မရှင်သတင်းမှာဖော်ပြထားပါတယ်။

အဲဒီစစ်တွေမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၅၄ ခု၊အိမ်ထောင်စု ၂၁၀၂စု၊လူ ဦးရေ ၇၀၃၉ ဦးရှိပြီး သူတို့အတွက် ရိက္ခာဆန်တွေထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့ စစ်ကော်မရှင်ရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ဌာနဆိုင်ရာတွေ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စစ်ဘေးရှောင်တွေ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်တွေမြို့မှာစစ်ဘေးရှောင်တွေသောင်းနဲ့ချီရှိနေကြပေမယ့် စစ်ကော် မရှင်ရဲ့ကျေးရွာအုပ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်ဘေးရှောင်အားလုံးစာရင်းကို မယူကြဘဲ သူတို့ယူချင်သူစာရင်းကိုသာယူပို့နေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီအပြင် ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်ဘေးရှောင်တွေကို ငွေကြေး၊စားနပ်ရိက္ခာတွေဖြန့်ဝေကြရာမှာမပေးဘဲချန်ထားခဲ့တာတွေရှိနေတာမို့ တာဝန်ရှိသူတွေ စစ်ဆေးအရေး ယူပေးကြဖို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“တကယ့်အိမ်ပစ်ယာပစ်ပြေးလာကြသူတွေကို စာရင်းမှာမထည့်၊ မပေးတာတွေရှိပါတယ်။ ဆတ်ရိုးကချောင်းတဖက်ကလူတွေအားလုံးဟာ အိုးအိမ်တွေကို ပစ်ပြီးပြေးလာကြသူတွေပါ။ သူတို့ထဲတချို့ကို အုပ်ချုပ်ရေးမှူးတွေက စာရင်းမှာမထည့်၊ မပေးတာတွေရှိပါတယ်။ အဲဒါကို တာဝန်ရှိသူတွေ စစ်ဆေးအရေး ယူပေးစေချင်ပါတယ်။” လို့ စစ်တွေမြို့ နယ်မှစစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေကို စစ်ကော်မရှ င်တပ်က လူတဦးတလမှာ ကျပ်နှစ်သောင်းကျစီထောက်ပံ့ပေးနေတယ်ဆိုပေမယ့် စစ်ဘေးရှောင်အများစုမရကြဘူးလို့ ဆိုကြပါတယ်။

ပြည်နယ်စစ်ကော်မရှင်ဟာ စစ်ဘေးရှောင်တွေအတွက် တလစာအဖြစ် ဆ န်(၁၉ ပြည်ဆန့်)ဆန်အိတ် ၂၇၇၈ အိတ်လာရောက်ထောက်ပံ့ခဲ့ပေမယ့် စစ်ဘေးရှောင်အားလုံးမရကြသလို တလစာစားဖို့မလုံလောက်ကြဘူးလို့ ဆိုကြပါတယ်။

“စစ်ဘေးရှောင်တချို့ငတ်သေနေ​ကြပါပြီ။စစ်တပ်က တခါတလေမှဟန်ပြလာပေးပြတာပါ။ အဲဒါကိုလည်း အုပ်ချုပ်ရေးမှူးတွေက ဖြတ်စားနေကြပါတယ်။တကယ်ဆိုရင်တလမှာငါးသောင်း၊တသိန်းလောက်ထောက်ပံ့ပေးပြီးဆန်ကိုစားဖို့လုံလောက်အောင်ထောက်ပံ့ပေးစေချင်ပါတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

စစ်တွေမြို့နယ်ဆင်ခြေဖုံးရှိ ကျေးရွာသားအားလုံးမှအရပ်သားပြည်သူတွေကို အတင်းအဓမ္မမြို့တွင်းသို့သွင်းပြီးလူသားဒိုင်းကာအဖြစ်ပြုလုပ်ထားတ ယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အဲဒီကျေးရွာအားလုံးကို ဖြိုဖျက်ရောင်းစားပြီး တပ်စခန်းတွေအခိုင်အမာတည်ဆောက်ခံစစ်ပြင်တပ်စွဲနေကြတာမို့ စစ်ဘေးရှောင်တွေမှာနေအိမ်တွေ၊ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားကြပြီးလို့ ဆိုကြပါတယ်။

PrevPreviousသပိတ်ကျင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ကလေးတဦးသေဆုံး
Nextမူးမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံးNext
Previous Post

သပိတ်ကျင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ကလေးတဦးသေဆုံး

Next Post

မူးမှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မြန်မာနိုင်ငံကူးလက်မှတ်အတုလုပ်ရင်ထောင်ငါးနှစ်ချမယ်

March 18, 2026

အီရန်အင်အားကို ထရန့် အံ့သြ

March 17, 2026
Photo - APM

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

March 17, 2026

အီရန်အင်အားကို ထရန့် အံ့သြ

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

Releated Post

အီရန်အင်အားကို ထရန့် အံ့သြ

March 17, 2026
Photo - APM

အာရက္ခရေပိုင်နက်မှာ ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၄ ဦးဖမ်းဆီးရမိ

March 17, 2026

အီရန်ရဲ့ဝါးဒတ်မှသည် မိုစတီးဘဒ်သို့ ၆

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page