Border News Agency
စစ်တွေ၊ စက်တင်ဘာ ၇။
စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ စစ်ဘေးရှောင်ခုနှစ်ထောင်ကျော်သာရှိနေတယ်လို့ စက်တင်ဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်တဲ့စစ်ကော်မရှင်သတင်းမှာဖော်ပြထားပါတယ်။
အဲဒီစစ်တွေမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၅၄ ခု၊အိမ်ထောင်စု ၂၁၀၂စု၊လူ ဦးရေ ၇၀၃၉ ဦးရှိပြီး သူတို့အတွက် ရိက္ခာဆန်တွေထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။
စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့ စစ်ကော်မရှင်ရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ဌာနဆိုင်ရာတွေ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စစ်ဘေးရှောင်တွေ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစစ်တွေမြို့မှာစစ်ဘေးရှောင်တွေသောင်းနဲ့ချီရှိနေကြပေမယ့် စစ်ကော် မရှင်ရဲ့ကျေးရွာအုပ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်ဘေးရှောင်အားလုံးစာရင်းကို မယူကြဘဲ သူတို့ယူချင်သူစာရင်းကိုသာယူပို့နေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီအပြင် ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်ဘေးရှောင်တွေကို ငွေကြေး၊စားနပ်ရိက္ခာတွေဖြန့်ဝေကြရာမှာမပေးဘဲချန်ထားခဲ့တာတွေရှိနေတာမို့ တာဝန်ရှိသူတွေ စစ်ဆေးအရေး ယူပေးကြဖို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“တကယ့်အိမ်ပစ်ယာပစ်ပြေးလာကြသူတွေကို စာရင်းမှာမထည့်၊ မပေးတာတွေရှိပါတယ်။ ဆတ်ရိုးကချောင်းတဖက်ကလူတွေအားလုံးဟာ အိုးအိမ်တွေကို ပစ်ပြီးပြေးလာကြသူတွေပါ။ သူတို့ထဲတချို့ကို အုပ်ချုပ်ရေးမှူးတွေက စာရင်းမှာမထည့်၊ မပေးတာတွေရှိပါတယ်။ အဲဒါကို တာဝန်ရှိသူတွေ စစ်ဆေးအရေး ယူပေးစေချင်ပါတယ်။” လို့ စစ်တွေမြို့ နယ်မှစစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေကို စစ်ကော်မရှ င်တပ်က လူတဦးတလမှာ ကျပ်နှစ်သောင်းကျစီထောက်ပံ့ပေးနေတယ်ဆိုပေမယ့် စစ်ဘေးရှောင်အများစုမရကြဘူးလို့ ဆိုကြပါတယ်။
ပြည်နယ်စစ်ကော်မရှင်ဟာ စစ်ဘေးရှောင်တွေအတွက် တလစာအဖြစ် ဆ န်(၁၉ ပြည်ဆန့်)ဆန်အိတ် ၂၇၇၈ အိတ်လာရောက်ထောက်ပံ့ခဲ့ပေမယ့် စစ်ဘေးရှောင်အားလုံးမရကြသလို တလစာစားဖို့မလုံလောက်ကြဘူးလို့ ဆိုကြပါတယ်။
“စစ်ဘေးရှောင်တချို့ငတ်သေနေကြပါပြီ။စစ်တပ်က တခါတလေမှဟန်ပြလာပေးပြတာပါ။ အဲဒါကိုလည်း အုပ်ချုပ်ရေးမှူးတွေက ဖြတ်စားနေကြပါတယ်။တကယ်ဆိုရင်တလမှာငါးသောင်း၊တသိန်းလောက်ထောက်ပံ့ပေးပြီးဆန်ကိုစားဖို့လုံလောက်အောင်ထောက်ပံ့ပေးစေချင်ပါတယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
စစ်တွေမြို့နယ်ဆင်ခြေဖုံးရှိ ကျေးရွာသားအားလုံးမှအရပ်သားပြည်သူတွေကို အတင်းအဓမ္မမြို့တွင်းသို့သွင်းပြီးလူသားဒိုင်းကာအဖြစ်ပြုလုပ်ထားတ ယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီကျေးရွာအားလုံးကို ဖြိုဖျက်ရောင်းစားပြီး တပ်စခန်းတွေအခိုင်အမာတည်ဆောက်ခံစစ်ပြင်တပ်စွဲနေကြတာမို့ စစ်ဘေးရှောင်တွေမှာနေအိမ်တွေ၊ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးသွားကြပြီးလို့ ဆိုကြပါတယ်။






