Border News Agency
နေပြည်တော်၊ ဇွန် ၁၀။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဆူဂီအိုနိုကဇွန်လ ၉ ရက်၊မနေ့ကလုပ်တဲ့ မြန်မာ-အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ ဆက်ပြီးပါဝင်ဖို့ လိုလားတယ်လို့ဆိုပါတယ်။
အင်ဒိုနီးရှားဘက်က မြန်မာနိုင်ငံနဲ့ ရှိပြီးသားဆက်ဆံရေးတွေကို ပိုတိုးမြှင့်သွားမှာဖြစ်သ
လို ရွေးကောက်ပွဲကနေတဆင့် အစိုးရသစ်တရပ် ဖြစ်ပေါ်လာရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အင်ဒိုနီးရှားက ပံ့ပိုးကူညီပေးချင်တယ်လို့လည်းဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကလည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကိုအပြုသဘောနဲ့ ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုလုပ်သွားမယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံမှာတာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ပဲ ဆက်သွားမယ်လို့လည်းဆိုပါတယ်။
နောက်ပြီး မြန်မာဘက်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့အတွက် ပညာသင်ဆုတွေအပါအဝင် လိုအပ်တဲ့အကူအညီတွေကို အင်ဒိုနီးရှားဘက်က ဆက်ပံ့ပိုးပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။






