Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

အခွန်သတ်မှတ်နှုန်းထက် ပိုမိုတောင်းခံရင် ULA ဆီ တိုက်ရိုက်တိုင်ကြားနိုင်

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
29
VIEWS
Share on FacebookShare on Twitter

​Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၆။

​အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ ကုန်သည်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဆီက အခွန်ကောက်ခံချိန်သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံတာ ဒါမှမဟုတ် မတရားငွေကြေးတောင်းခံတာတွေရှိလာရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုအုပ်ချုပ်ရေးဌာနနဲ့အခွန်ကောက်ခံရေးအဖွဲ့ဆီ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

အဲဒီ​အခွန်ဌာနဟာ ကောက်ခံရရှိတဲ့အခွန်ငွေတွေကို ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် တိုက်ရိုက်ပြန်အသုံးပြုနိုင်ဖို့ စနစ်တကျစီမံခန့်ခွဲပေးနေပြီး အခွန်ထမ်းတွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနဲ့ အဂတိလိုက်စားမှုကင်းရှင်းရေးအတွက် တင်းကျပ်စွာကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

​အဲဒီအပြင် အခွန်ပေးဆောင်တဲ့အခါ တရားဝင်အသိအမှတ်ပြုအခွန်ပြေစာတွေကို စနစ်တကျ ထုတ်ပေးနေပြီး လမ်းခရီးဂိတ်တွေမှာ ထပ်ခါတလဲလဲ အခွန်ထပ်မံကောက်ခံတာမျိုးမရှိစေဖို့အတွက်လည်း ကာကွယ်ပေးထားတယ်လို့ဆိုပါတယ်။

​အခွန်ထမ်းပြည်သူတွေအနေနဲ့လည်း အခွန်ဥပဒေကိုနားလည်သဘောပေါက်စေဖို့ အသိပညာပေးတာတွေ၊အခွန်ဆောင်ရမယ့်နည်းလမ်းတွေကို အဆင်ပြေချောမွေ့စွာထမ်းဆောင်နိုင်ဖို့ ပြင်ဆင်ပေးထားပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း အရောင်းအဝယ်စာရင်းဇယားတွေကို ရိုးသားမှန်ကန်စွာဖော်ပြကြဖို့ တိုက်တွန်းထားတာပါ။

​အဂတိလိုက်စားမှုကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အခွန်ထမ်းယဉ်ကျေးမှုကောင်းတွေ ထွန်းကားလာစေဖို့နဲ့ ပြည်သူတွေဘက်ကလည်း မှန်ကန်စွာအခွန်ထမ်းဆောင်ပြီး ဌာနဘက်ကလည်း ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်းဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီး အခွန်၊အခတွေကောက်ခံနေတာဖြစ်ပါတယ်။

ဒါပေမယ့်အကောက်ခွန်နဲ့ အခွန်ဌာနရဲ့တရားဝင်ပြောဆိုချက်တွေနဲ့ကွဲလွှဲပြီး မြေပြင်မှာပိုမိုကောက်ခံမှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေဝေဖန်ပြောဆိုနေကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဝန်ထမ်းတချို့ဟာ အခွန်ကောက်ခံရထားတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်အသုံးပြုနေကြတာတွေ၊အဂတိလိုက်စားထားတဲ့အချက်အလက်တချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။

PrevPreviousအရက်၊ဘီယာနဲ့ဆေးလိပ်တွေအပေါ် အခွန်ငါးဆယ်ရာခိုင်နှုန်းထိ ULA ကောက်
Nextရွှေကျင်၊ဘားအံနဲ့ ဘီးလင်းမှာ မြစ်ရေစိုးရိမ်ရေမှတ်ရောက်နိုင်လို့ မိုးဇလသတိပေးNext
Previous Post

အရက်၊ဘီယာနဲ့ဆေးလိပ်တွေအပေါ် အခွန်ငါးဆယ်ရာခိုင်နှုန်းထိ ULA ကောက်

Next Post

ရွှေကျင်၊ဘားအံနဲ့ ဘီးလင်းမှာ မြစ်ရေစိုးရိမ်ရေမှတ်ရောက်နိုင်လို့ မိုးဇလသတိပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page